၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

October 27, 2019

ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို ပါပက်က သွင်းယူပါတယ်။ ဘိုင်ယန်က အိမ်ကွင်းမှာ ခြေစွမ်းအသာနဲ့ ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။  အိမ်ရှင် ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဒီဂိုးဟာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးအတွက် ဘွန်ဒတ်စ်လီဂါ အမှတ်ပေးပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက် သွင်းယူနိုင်တဲ့ ဂိုးလည်း ဖြစ်ပါတယ်။  ၅၇ မိနစ်လောက်မှာ ယူနီယံဘာလင် ပင်နယ်တီ ရပေမယ့် ဂိုးသမား နူအာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ၈၆ မိနစ်လောက်မှာ နောက်တကြိမ်အဖြစ် ယူနီဘာလင်အသင်း ပင်နယ်တီ ရသွားပါတယ်။ အဲဒီပင်နယ်တီကို ဂိုးသမား နူအာ မကာကွယ်နိုင်လို့ ဘိုင်ယန်မြုးနစ်က ၂ ဂိုး ၁ ဂိုးနဲ့ပဲ အနိုင်ရသွားပါတယ်။  ဒီပွဲနိုင်တဲ့ ဘိုင်ယန်က လောလောဆယ် ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ယူနီယံဘာလင်အသင်းကတော့ ရမှတ် ၇ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up