၂ ဂိုးပြတ်အနိုင်ရ

February 18, 2020

မန်ယူနိုက်တက်က အဝေးကွင်းတွင် ချဲလ်ဆီးကို ၂ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ ချဲလ်ဆီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး မာရှယ်နဲ့ နောက်တန်းသမား မက်ဂွိုင်းယားတို့က သွင်းယူပါတယ်။ ချဲလ်ဆီးဘက်ကလည်း နှစ်ကြိမ်ကန်သွင်းတာ ဂိုးဝင်ပေမယ့် VAR နဲ့ ဆုံးဖြတ်ရာမှာတော့ ဂိုးရခြင်း မရှိပါဘူး။  ဒီပွဲမှာ မန်ယူနိုက်တက် နောက်တန်းက ဘိုင်လေ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။  ဒီပွဲနိုင်တဲ့ ယူနိုက်တက်က ၃၈ မှတ်နဲ့ အဆင့် ၇ နေရာကို တက်လှမ်းသွားပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာပါတယ်။
2 years Ago
Up