၂၈ ဦးထက်မနည်းသေ

September 24, 2020

နိုင်ဂျီးရီးယားတွင် လောင်စာတင်ယာဉ်ပေါက်ကွဲမှုကြောင့်  ၂၈ ဦးထက်မနည်းသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းက ကိုဂီပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက်က လောင်စာတင်ယာဉ်တစီး ပေါက်ကွဲတာကြောင့် ကလေး ၉ ယောက်အပါအဝင် ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လမ်းဘေးကင်းရေးဌာန အရာရှိတယောက်က ပြောပါတယ်။ ပြည်နယ်တွင်း လိုကိုဂျာဇာရီယာဂီ အဝေးပြေးလမ်းမကြီးတလျှောက် ဓာတ်ဆီဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ပေါက်ကွဲခဲ့တာလို့ ပြည်ထောင်စု လမ်းဘေးကင်းရေးကော်ပိုရေးရှင်း ပြောခွင့်ရက ပြောပါတယ်။  စက်တင်ဘာ ၂၃ ရက်မနက်အစောပိုင်းမှာ လောင်စာတင်ယာဉ်မီးလောင်မှုကြောင့် လူ့ အသက်တွေ ဆုံးရှုံးရသလို ကားတွေ အိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ အဖိုးတန်ပစ္စည်းတွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။  လမ်းတွေဆိုးပြီး ဘေးကင်းရေး စံချိန်စံညွှန်းတွေ အားနည်းတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ ယာဉ်ကြောဆိုင်ရာ မတော်တဆဖြစ်ရပ်တွေ ဖြစ်နေကျလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
8 months Ago
Up