၂၆ ဦး သေဆုံး

March 2, 2018

အဇာဘိုင်ဂျန် မူးယစ်ဆေးဖြတ်စင်တာတွင် မီးလောင်၊ ၂၆ ဦး သေဆုံး

အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူက မူးယစ်ဆေးဖြတ်စင်တာတခုမှာ မတ်လ ၂ ရက်နေ့က မီးလောင်တာကြောင့် လူအနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒေသခံ မီဒီယာတွေကတော့ သေဆုံးသူ အယောက် ၃၀ ရှိတယ်လို့ ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီလောက်မှာ မလှုပ်ရှားနိုင်တဲ့ လူနာတွေ ထားရှိတဲ့ အဆောင်က မီးစလောင်ခဲ့တာပါ။ မီးတောက်တွေကြားမှာ ဒဏ်ရာရသူ ၄ ဦးကို ကယ်ထုတ်ပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ မီးလောင်မှုကနေ ၃၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ် ၀ါယာကြိုးကြောင့် မီးလောင်တာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
4 years Ago
Up