၂၆ ဦးသေ

January 21, 2017

ဘရာဇီးထောင်အတွင်း အဓိကရုဏ်းထပ်ဖြစ်၊ ၂၆ ဦးသေ

ဘရာဇီးနိုင်ငံအတွင်း ပြိုင်ဘက် မူးယစ်ဂိုဏ်းတွေက ရာနဲ့ချီတဲ့ ဂိုဏ်းသားတွေ ထောင်ထဲမှာ ဇန်န၀ါရီ ၁၉ ရက်က ထပ်မံအဓိကရုဏ်း ဖြစ်ခဲ့ပြီး ထောင်သား ၂၆ ဦး သေဆုံးတယ်လို့ ရုပ်သံက ကြေညာပါတယ်။ အားကြီးတဲ့ မြောက်ပိုင်းမိသားစု (PCC) ဂိုဏ်းနဲ့ အမိန့်နီ ဂိုဏ်းတို့ကြား ဇန်နဝါရီ ၁ ရက်က စပြီး သတ်ဖြတ်ခဲ့ကြတာပါ။ ခုချိန်ထိ ထောင်သား ၅၆ ဦး သေဆုံးခဲ့ ပြီးပါပြီ။ နာတယ်လ်မြို့က ထောင်တွင်း အဓိကရုဏ်းအတွင်း သေဆုံးသူရဲ့ ဇနီးသည်က သူ့ခင်ပွန်းရဲ့ ခေါင်းမပါတဲ့ အလောင်းကိုပဲ မြှုပ်ခဲ့ရတယ်။ သေဆုံးမှုဆိုင်ရာ စာရွက်စာတမ်းတွေ လာယူတာလို့ ပြောပါတယ်။  ပြိုင်ဘက် ဂိုဏ်းတွေ နေရာလုရာက ဖြစ်လာတဲ့ လူသေတဲ့ ထောင်တွင်း အဓိကရုဏ်း တွေကြောင့် သေဆုံး ထောင်သားတွေရဲ့ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေး နေပါတယ်။ အာဏာပိုင်တွေက သူတို့ကို ပစ်ပယ်ထားတယ်လို့လည်း ယူဆ ခံစား နေကြပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်း ၂ ခု ဖြစ်တဲ့ ဆောင်ပါလို အခြေစိုက် (PCC) ဂိုဏ်းနဲ့ ရီယိုမြို့ အခြေစိုက် အမိန့်နီ ဂိုဏ်းတို့ကြား နယ်မြေလု တိုက်ပွဲတွေ အမြန်တိုးလာလို့ လူတွေ ကြပ်ညပ်နေတဲ့ ထောင်တွေဟာ စစ်မြေပြင် ဖြစ်လာတာပါ။ ဘရာဇီးရဲ့ လုံခြုံရေး ကျိုးပေါက်နေတဲ့ နယ်စပ်တွေ တလျှောက် မူးယစ်ဆေးနဲ့ လက်နက် စီးဆင်းမှု အတွက် အရင်က ဂိုဏ်း ၂ ဂိုဏ်း အလုပ်သဘော ဆက်ဆံရေး ပုံမှန်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၆ လက စပြီး (PCC)က အဓိက မူးယစ် လမ်းကြောင်းတွေကနေ အမိန့်နီဂိုဏ်းကို နှင်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သမ္မတ မစ်ချယ်တမ်မာက နာတယ်လ်မြို့နဲ့ ရီယိုဂရန်ဒီ ဒိုနော်တေ ပြည်နယ်က တခြားမြို့တွေရဲ့ လမ်းတွေပေါ်မှာ ကင်းလှည့်ဖို့ စစ်တပ်ကို ဇန်န၀ါရီ ၁၉ က အခွင့်အဏာ ပေးခဲ့တယ်လို့ သမ္မတနန်းတော်က အရာရှိတွေက ပြောပါတယ်။ ဘရာဇီးနိုင်ငံအတွင်း အရွယ်ရောက်သူ ၆ သိန်း ၂ သောင်းကျော် ထောင်ကျနေပါတယ်။ ဒါဟာ ထောင်တွေက လက်ခံနိုင်တဲ့ ပမာဏထက် ၆၇ ရာခိုင်နှုန်း ကျော်လွန်နေပါတယ်။ ဘရာဇီး အာဏာပိုင်တွေကတော့ မူးယစ်စစ်ပွဲကို အားဖြည့်နေတဲ့ မူးယစ်နဲ့ လက်နက် တရားမဝင် စီးဆင်းနေတဲ့ ကိုလံဘီယာ နယ်စပ်တလျှောက် ပိုပြီး ထိန်းချုပ်နေတယ်လို့ ပြောပါတယ်။
5 years Ago
Up