၂၆ နှစ်ကြာ လွတ်

May 17, 2020

၂၆ နှစ်ကြာ လွတ်မြောက်နေသည့် ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတရားခံ ဖမ်းမိ

၂၆ နှစ်ကြာထွက်ပြေးနေတဲ့ ရဝမ်ဒါလူမျိုးတုန်း သတ်ဖြတ်တရားခံ  ဖယ်လစ်စီယန် ကတ်ဘူဂါကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီးမှာ မေ ၁၆ ရက်က ဖမ်းဆီးရမိတယ်လို့  ပြင်သစ်တရားရေးဌာနက ပြောပါတယ်။    လူပေါင်း ၈ သိန်းလောက်ကို အစုလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေကို  ကတ်ဘူဂါက ငွေကြေးထောက်ပံ့ခဲ့တယ်ဆိုပြီး  စွပ်စွဲခံထားရပါတယ်။   ကတ်ဘူဂါဟာ  ရဝမ်ဒါနိုင်ငံရဲ့ အလိုရှိဆုံး လူတယောက်ဖြစ်ပြီး  သူ့ဦးခေါင်းကို ဖြတ်နိုင်ရင် အမေရိကန် ဒေါ်လာ ၅ သန်း ပေးမယ်လို့ ဆုငွေထုတ်ခံထားရပါတယ်။ အန်ညဲ စွတ်ဆန်အရပ်က တိုက်ခန်းတခန်းမှာ အမည်ဝှက်နဲ့ နေထိုင်တဲ့ အသက် ၈၄ နှစ် အရွယ် ကတ်ဘူဂါကို  မေ ၁၆ ရက်  မနက် ၅ နာရီခွဲလောက်မှာ ပြင်သစ်ရဲတွေက    ဖမ်းဆီးမိခဲ့တာပါ။   လူမျိုးတုံးသတ်ဖြတ်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ သတ်ဖြတ်မှု ကျူးလွန်ဖို့ လှုံ့ဆော်မှုအပါအဝင်    ပြစ်မှု ၇ မှုနဲ့  ကတ်ဘူဂါကို ၁၉၉၇ ခုနှစ်မှာ  စွဲချက်တင်ခဲ့ပါတယ်။  ကတ်ဘူဂါကို ပဲရစ်အယူခံတရားရုံးမှာ အရင်စစ်ဆေးမှာဖြစ်ပြီး  နောက်ပိုင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာတရားရုံးထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
11 months Ago
Up