၂၄ နာရီသပိတ်

April 1, 2021

ပဲခူးတွင် ၂၄ နာရီသပိတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

ပဲခူးမြို့မှာ နေ့စဉ် ပစ်ခတ်ဖြိုခွင်းနေပေမဲ့ စစ်အာဏာရှင်ပြုတ်ကျရေး Generation Z တွေ အပါအဝင် အလွှာပေါင်းစုံက ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့ညကလည်း ပဲခူးမြို့ရဲ့ ရပ်ကွက်တချို့မှာ ညသပိတ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ဒီမနက်မှာလည်း အင်အား ၂၀၀ ကျော်လောက်ပါဝင်တဲ့ အလွှာ ပေါင်းစုံက ပြည်သူတွေ စစ်အာဏာရှင်အလိုမရှိကြောင် ဆန္ဒဆက်ပြနေပါတယ်။

1 month Ago
Up