၂၄ နာရီ

October 25, 2020

နိုင်ဂျီးရီးယားတွင် ၂၄ နာရီ အပြင်မထွက်ရအမိန့် ပြန်ဖြေလျော့

နိုင်ဂျိးရီးယားနိုင်ငံရဲ့ အကြီးဆုံးပြည်နယ် လာဂို့စ်က အာဏာပိုင်တွေဟာ လတ်တလော ရက်အတွင်း မတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ဥပဒေစိုးမိုးစေဖို့ ကြိုးစားတဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ ၂၄ နာရီ အပြင်မထွက်ရအမိန့်ကို အောက်တိုဘာ ၂၄ ရက်မှာ ပြန်ပြီး ဖြေလျှော့ပေးလိုက်ပါတယ်။  ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ အောက်တိုဘာ ၂၄ ရက်မှာတော့ မြို့ရဲ့အသက်ဝင်မှု ပုံမှန်လို တဖြည်းဖြည်း ပြန်ဖြစ်လာပါတယ်။  ခုတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီကနေ မနက် ၈ နာရီထိ အပြင်မထွက်ရအမိန့် ထုတ်ထားပါတယ်။ အဓိက လမ်းတွေပေါ်က အကြမ်းဖက်မှုတွေကြောင့်ဖြစ်တဲ့ အပျက်အစီး အမှိုက်သရိုက်တွေကို လမ်းသန့်ရှင်းရေးသမားတွေက ဖယ်ထုတ်လိုက်လို့ ခုတော့ ယာဉ်ကြောပုံမှန် ပြန်ဖြစ်နေပါပြီ။  လူဦးရေ သန်း ၂၀ ရှိတဲ့ လာဂို့စ်မြို့မှာ အောက်တိုဘာ ၂၀ ရက်ညကစပြီး အကြမ်းဖက်မှု မြင့်တက်လာခဲ့တာပါ။  မြို့တွင်း ခရိုင် ၂ ခုမှာ အင်္ဂါနေ့က ရဲနဲ့စစ်သားတွေဟာ ဆန္ဒပြသူ ၁၂ ယောက်ကို သတ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က ပြောပါတယ်။  ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချက်ချင်း စေ့စေ့စပ်စပ်စစ်ဆေးဖို့ Amnesty International နဲ့ တခြားအဖွဲ့ ၄၀ က အောက်တိုဘာ ၂၂ ရက်မှာ တောင်းဆိုထားပါတယ်။
7 months Ago

October 9, 2020

လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ ဆက်လက် တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးဇလက ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ပါတယ်။   လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီနေ့မွန်းလွဲပိုင်းကနေ အောက်တို ၁၃ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့ နောကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်  မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းပြီး လေပြင်းတိုက်၊ လျှပ်တစ်ပြက် ရေကြီး မြေပြိုတာ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့် ဒေသအနီးနေသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
7 months Ago
More News
Up