ဆူဒန်နိုင်ငံ မြို့တော်ခါတွန်က ကြွေထည်စက်ရုံတခုမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဓာတ်ငွေ့သယ်ယာဉ်တစီး ပေါက်ကွဲတာကြောင့် ၂၃ ယောက် သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူတွေထဲမှာ လူမျိုးပေါင်းစုံပါဝင်ပြီး သူတို့တွေထဲက တချို့ဟာ အာရှနိုင်ငံတွေက ဖြစ်တယ်လို့ ဆေးဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
နောက်ပြီး ဒဏ်ရာရသူတချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ပေါက်ကွဲရှိန်က အားပြင်းလွန်းတာကြောင့် ဓာတ်ငွေ့သယ်ယာဉ်ဟာ အနီးဝန်းကျင်ကို လွင့်စဉ်ခဲ့တယ်လို့ မျက်မြင်တွေနဲ့ အရပ်ဘက် ကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံဟာ လုံးလုံးလျားလျား ပျက်စီးခဲ့တယ်လို့ ဆူဒန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူတွေအတွက် သွေးလှူဒါန်းပေးဖို့ နိုင်ငံသားတွေကို အစိုးရက တိုက်တွန်းခဲ့ပါတယ်။
ကနဦးလေ့လာချက်အရ စက်ရုံမှာလိုအပ်တဲ့ ဘေးကင်းရေးအစီအမံတွေ၊ ပစ္စည်းကိရိယာတွေ မရှိတာနဲ့ မီးလောင်လွယ်တဲ့ပစ္စည်းတွေ သိုလှောင်တာကြောင့် ပေါက်ကွဲမှု ဖြစ်ရတာလို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။
3 years Ago