ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမှာ ထောင်တွင်းဆူပူမှုဖြစ်ပွားလို့ အကျဉ်းသား ၂၃ ဦးသေဆုံးပြီး ၈၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အကျဉ်းသားတွေဟာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေစဉ် ထောင်တွင်း ရေပေးဝေမှုအခြေအနေတွေနဲ့ ပတ်သက်လို့ မကျေနပ်ပြီး ဆန္ဒပြမှုဖြစ်ခဲ့ရာက ထောင်တွင်းဆူပူမှုဖြစ်ပွားပြီး လူတွေသေဆုံးခဲ့ရတာပါ။
ထောင်တွင်းက အကျဉ်းသားတွေအတွက် စိတ်ပူပန်နေတဲ့ ဆွေမျိုးသားချင်းတွေကတော့ ထောင်ပြင်ပမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုးဝှေ့ရင် ဆိုင်နေခဲ့ကြပါတယ်။
ကိုလံဘီယာတရားရေး ဝန်ကြီးကတော့ ဒဏ်ရာရအကျဉ်းသား ၃၂ ဦးကို ဆေးရုံတင်ပေးထားတယ်လို့ ပြောပါတယ်။
ထောင်ဝန်ထမ်း ၇ ယောက် ဏ်ရာရခဲ့တာမှာ ၂ ယောက်ကတော့ အရေးပေါ်အခြေအနေဖြစ်ပြီး စိုးရိမ်ရတယ်ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရသူ ၂၃၁ ဦးရှိပြီး ၂ ဦးသေဆုံးကာ တနိုင်ငံလုံး ပြည်ပနဲ့အဆက်အသွယ်ပိတ်ပင်မှု nationwide lockdown ကို လာမယ့်မတ် ၂၄ နေ့ စတင်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago