တူရကီ အေဂျီယန်ကမ်းရိုးတန်းနဲ့ ဂရိမြောက်ပိုင်း ဆေမော့စ်ကျွန်းအလွန်မှာ လှုပ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူက ၂၂ ယောက်ထက်မနည်း ရှိလာပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာလ ၃၀ ရက်က တူရကီကမ်းရိုးတန်းမြို့ အစ္စမေးလ်မှာ ပြိုကျအဆောက်အအုံတွေအောက် အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပါတယ်။
အစ္စမေးလ်မြို့က ပြိုကျအဆောက်အအုံ ၁၇ ခုမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ အနီးဝန်းကျင်တွေမှာ အာဏာပိုင်တွေက လူ နှစ်ထောင်ဆံ့တဲ့ ရွက်ဖျင်တဲတွေကို ဆောက်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
မြေငလျင် ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူ့ရှိပြီး ဗဟိုချက်ဟာ အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ ဖြစ်တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကဆိုပါတယ်။
အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။
ပြတ်ရွေ့ကြောင်းကြီး ယှက်ဖျာနေတဲ့ တူရကီဟာ ကမ္ဘာမှာ မြေငလျင် အလှုပ်ခတ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျူ့ မြေငလျင်ကြောင့် အစ်ဇ်မစ်မြို့မှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၁ တုန်းကလည်း နိုင်ငံအရှေ့ပိုင်း ဗန်းမြို့ မြေငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။
2 years Ago