စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ၂၁ ရာစု ပင်လုံ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး ကလေးမြို့မှာ အကြိုဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းက အရပ်ဘက်အဖွဲ့အစည်းတွေ ၂၁ ပင်လုံညီလာခံမှာ ပါဝင်နိုင်အောင် အကြိုဆွေးနွေးပွဲ ပြုလုပ်တာလို့ ဦးဆောင်ကျင်းပတဲ့ အထက်ချင်းတွင်းလူငယ်ကွန်ရက် တာဝန်ခံ ဦးကျော်သက်ဝင်းကပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုတွေရဲ့ လိုလားချက်ဆန္ဒများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှ အနာဂတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဝါဒဥပဒေတွေ ပါဝင်ထည့်သွင်း စဉ်စားပေးဖို့ လိုတယ်”
၂၁ ရာစု ပင်လုံညီလာခံအတွက် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖြစ် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ ကန့်ဘလူ၊ ကသာ၊ ကော်လင်း၊ ဝန်းသို စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
၂၁ ပင်လုံညီလာခံအကြိုဆွေးနွေးပွဲကို ၁၈ ရက်၊ ၁၉ ရက် နှစ်ရက်ကြာ ကလေးမြို့ သိမ်ခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အောင်ဆန်းမြင့်
6 years Ago