၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို

February 6, 2017

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပနိုင်ဖို့ ရည်မှန်းဆောင်ရွက်သွားမယ်မှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ပြောပါတယ်။ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာခေတ္တနားချိန်မှာ  သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ ဦးဇော်ဌေးက “သဘောတူ ဆုံးဖြတ်တာတွေကတော့ ညီလာခံ ကိုယ်စားလှယ်နဲ့ ပတ်သက်လို့ နိုင်ငံရေး ဆွေးနွေးမှုမှာ ပါဝင်တဲ့အတိုင်းပဲ ညီလာခံ ကိုယ်စားလှယ် ဦးရေ ၇၀၀ ဦးနဲ့ ကျင်းပသွားဖို့ သဘောတူတယ်။ နောက်တချက်ကတော့ ကျနော်တို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးလာနိုင်ရေး ပြီးရင် ညီလာခံ တက်ရောက်နိုင်ရေး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောတူတယ်” ပထမအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို နေပြည်တော် MICC 2 မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုး လာဖို့နဲ့ ညီလာခံ တက်ရောက်ဖို့ကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကိုယ်စားလှယ် အားလုံးက သဘောတူကြပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၂ ဦးနဲ့ တပ်မတော် အစိုးရ လွှတ်တော်တွေက ကိုယ်စားလှယ် ၁၅ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
4 years Ago
Up