၂၀၃၀ ပြည့်နှစ်

November 19, 2020

ဗြိတိန်တွင်  ၂၀၃၀ ပြည့်နှစ်မှစ၍ ဓာတ်ဆီနှင့်ဒီဇယ်ကားသစ်ရောင်းချမှု ပိတ်မည်

လာမယ့် ၂၀၃၀ ခုနှစ်ကစလို့ ဗြိတိန်မှာ ဓာတ်ဆီနဲ့ဒီဇယ်ကားသစ်တွေ ရောင်းချတာကို တားမြစ်သွားမှာပါ။  ဒါက အရင်စီစဉ်ထားတာထက် ၅ နှစ်စောသွားပြီး အစိမ်းရောင်တော်လှန်ရေးလို့ ဝန်ကြီးချုပ် ဂျွန်ဆင် ရှုမြင်တဲ့အရာ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။  မနှစ်တုန်းက ဗြိတိန်ဟာ ၂၀၅၀ ကာဗွန်ထုတ်လွှတ်မှု သုည ရည်မှန်းချက်ကို အစီအစဉ် ရေးဆွဲတဲ့ ပထမဆုံး  G7  နိုင်ငံဖြစ်ခဲ့ပါတယ်။  အဲဒီအစီအစဉ်ဟာ အစိုးရထောက်ပံ့ငွေ ပေါင် ၁၂ ဘီလီယံ တောင်းဆိုသွားမယ်လို့ ဂျွန်ဆင်က ပြောဆိုပါတယ်။  ဒီပမာဏဟာ ပုဂ္ဂလိကကဏ္ဍက ရရှိငွေထက် ၃ ဆ ပိုများပြီး လာမယ့် ၁၀ နှစ်အတွင်း ကျွမ်းကျင်မှု မြင့်မားတဲ့ အစိမ်းရောင်အလုပ်အကိုင်  နှစ်သိန်းခွဲ  ဖန်တီးပေးမှာပါ။   ဝန်ကြီးချုပ် ဂျွန်ဆင်က လက်ရှိမှာ ၁၀ ဂစ်ဂါဝပ် ရှိတဲ့  ဗြိတိန်ကမ်းလွန်လေစွမ်းအင်ကို လာမယ့် ၂၀၃၀မှာ  ၄၀ ဂစ်ဂါဝပ်အထိ တိုးမြှင့်မယ်လို့ ကတိပြုထားပါတယ်။  နေအိမ် အပူပေးတာနဲ့ ချက်ပြုတ်တာအပါအဝင် ဟိုက်ဒရိုဂျင် စမ်းသပ်အသုံးပြု ပရောဂျက်တွေအတွက် ပေါင်ငွေ သန်း ၅၀၀ အထိ ထောက်ပံ့ပေးမယ်လို့ သူက ကတိပြုထား ပါတယ်။  ဒါ့အပြင် အကြီးစားနဲ့အသေးစား နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးစက်ရုံတွေကို အစိုးရ က ကူညီတည်ဆောက်သွားမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
5 months Ago
Up