၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေသအလိုက် ဝင်ခွင့်ခွဲတမ်းသတ်မှတ်ချက် ထုတ်ပြန်

April 11, 2017

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ နိုင်ငံ ပူးတွဲကျင်းပနိုင်ရေး ကြိုးစားသွားမည်

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၃ နိုင်ငံ ပူးတွဲလက်ခံ ကျင်းပနိုင်ရေးအတွက် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ကြိုးစားသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၆ ပြိုင်ပွဲဟာ ပြိုင်ပွဲဝင် ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့အပြီးမှာ ပထမဆုံးပြိုင်တဲ့ ကမ္ဘာ့ဖလားဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အိမ်ရှင်အဖြစ် ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရဖို့ တောင်းဆိုတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပူးတွဲအဆိုပြုချက်အရ အမေရိကန်က အိမ်ရှင်အဖြစ် ပွဲပေါင်း ၆၀၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ၁၀ ပွဲစီ အသီးသီးလက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်အဖြစ် ရွေးချယ်မယ့် ဆုံးဖြတ်ချက်ကို ၂၀၂၀ ကမ္ဘာ့ဖလားမတိုင်ခင် ပြုလုပ်သွားမှာပါ။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၄ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပါတယ်။ လောလောဆယ်မှာ ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှား၊ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။
5 years Ago

March 31, 2017

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေသအလိုက် ဝင်ခွင့်ခွဲတမ်းသတ်မှတ်ချက် ထုတ်ပြန်

ဒေသအလိုက်ရရှိမယ့် ကမ္ဘာ့ဖလားဝင်ခွင့် ခွဲတမ်းတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခွဲတမ်းသတ်မှတ်ချက်အရ အာဖရိကက ၉ နေရာ၊ အာရှက ၈ နေရာ၊ ဥရောပက ၁၆ နေရာ၊ ကွန်ကာကပ်ဖ်က ၆ နေရာ၊ သမုဒ္ဒရာပိုင်းက ၁ နေရာ၊ တောင်အမေရိကက ၆ နေရာဖြစ်ကြောင်း သိရှိရပါတယ်။ အခု ဖီဖာကထုတ်ပြန်လိုက်တဲ့ ဝင်ခွင့်ခွဲတမ်းအရ အာဖရိကနဲ့ အာရှဒေသတွေက ခွဲတမ်းအများဆုံး မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၃၂ သင်းနဲ့ ကျင်းပနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှား၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတို့မှာ ကျင်းပသွားမှာပါ။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တော့ အိမ်ရှင်နိုင်ငံ ရွေးချယ်ရခြင်း မရှိသေးဘဲ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်၊ ကိုလံဘီယာ၊ သြစတြေးလျ၊ နယူးဇီလန်၊ အင်္ဂလန်၊ မော်ရိုကိုနဲ့ တူရကီနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့  စိတ်ဝင်စားနေပါတယ်။
5 years Ago
Up