၂၀၂၅

March 4, 2020

နယ်သာလန်မြို့တော်ရှိ စက်လှေအားလုံး ဒီဇယ်လောင်စာအသုံးပြုမှု ၂၀၂၅ တွင် ပိတ်ပင်မည်

နယ်သာလန်မြို့တော် အမ်စတာဒမ်ရှိ တူးမြောင်းတွေအတွင်း သွားလာတဲ့ စက်လှေတွေ အားလုံး ဒီဇယ်လောင်စာ အသုံးပြုမှုကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ပိတ်ပင်တော့မှာဖြစ်လို့  လျှပ်စစ်ဘက်ထရီတွေ တပ်ဆင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အမ်စတာဒမ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကလည်း အဆိုပါ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် လျှပ်စစ်စွမ်းအင်သုံး စက်လှေတွေရဲ့ ဘက်ထရီတွေကို အားသွင်းပေးဖို့ ရေပေါ်ဓာတ်အားသွင်းဆိုင်တခုကိုလည်း ထားရှိလိုက်ပါတယ်။ မြို့တော် တာဝန်ရှိသူတွေက လာမယ့် ၂၀၂၁ နှစ်ကုန်မှာ ဒီလိုမျိုး ဓာတ်အားသွင်းဆိုင် ၁၀၀ အထိ ထားရှိနိုင်ဖို့ ကန်ထရိုက်တာတွေနဲ့လည်း ဆွေးနွေးနေပါတယ်။  အမ်စတာဒမ်မှာ စီးပွားဖြစ်အသုံးပြုတဲ့ ယာဉ်အားလုံးကို လျှပ်စစ်စွမ်းအင် အသုံးပြုရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခဲ့တာ အခုဆိုရင် မြို့တော်ရဲ့ ရေယာဉ် ၅၅၀ မှာ ၇၅ ရာခိုင်နှုန်းက မီးခိုးထုတ်လွှတ်ခြင်း မရှိတော့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။  အမ်စတာဒမ်မှာ အပျော်စီး လှေစီးရေ ၁၂၀၀၀ ကျော်ရှိရာမှာ လက်ရှိမှာတော့ ၅ ရာခိုင်နှုန်းလောက်သာ လျှပ်စစ်စွမ်းအင်သုံး ဖြစ်နေတယ်လို့ ခန့်မှန်းထားကြပါတယ်။  လှေတွေကို လျှပ်စစ်စွမ်းအင်သုံးစနစ် ပြောင်းလဲမယ်ဆိုရင် ကုန်ကျစရိတ်က အရွယ်အစားကို လိုက်လို့ ယူရို ၄၀၀၀ ကနေ ၄၀၀၀၀ လောက် ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။
1 year Ago
Up