၂၀၂၂ ကမ္ဘာ့ဖလား

A d v e r t i s e m e n t With Us

March 13, 2020

၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲများ ဆိုင်းငံ့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်တွေကို  ထပ်မံဆိုင်းငံ့လိုက်တယ်လို့ ဖီဖာက ကြေညာလိုက်ပါတယ်။  မတ် ၂၃ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ကျင်းပမယ့် တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ်တွေကို ဒေသတွင်း ဘောလုံးအဖွဲချုပ်ရဲ့ တောင်းဆိုမှုအရ ဆိုင်းငံ့လိုက်တာဖြစ်ပြီး အကြောင်းရင်းကတော့ များစွာသော လက်တင်အမေရိက ဘောလုံးသမားတွေဟာ ဥရောပတလွှားက ကလပ်အသင်း တော်တော်များများမှာ ကစားနေတာကြောင့်လို့ သိရပါတယ်။  လက်တလော ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပက အီတလီနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ကူးစက်ခံနေရပြီး နည်းပြနဲ့ကစားသမားတွေကိုလည်း သီးသန့်ထားရတဲ့ အခြေအနေမှာရှိနေပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ၊ ဂျူဗင်တပ်စ်နောက်ခံလူ ရူဂါနီနဲ့ တခြားအီတလီလိဂ်ကလပ်တချို့ရဲ့ ကစားသမားတွေလည်း ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ထောင်နဲ့ချီတဲ့ ကစားသမားတွေကိုလည်း စောင့်ကြည့်လူနာစာရင်းသွင်းထားရပါတယ်။  မကြာသေးခင်ကလည်း နာမည်ကြီး ရေခဲပြင်ဟော်ကီပြိုင်ပွဲဖြစ်တဲ့ NHL ကို ရပ်နားခဲ့ရပြီး တချို့ပွဲစဉ်တွေကိုတော့ ကွင်းပိတ်ကျင်းပနေဆဲဖြစ်ပါတယ်။
12 months Ago
Up