၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ယဉ်ကျေးမှုရိုးရာ မြေစိုက်တဲများ ထားပေးမည်ဟု ကာတာ ကြေညာ

A d v e r t i s e m e n t With Us

March 23, 2016

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ယဉ်ကျေးမှုရိုးရာ မြေစိုက်တဲများ ထားပေးမည်ဟု ကာတာ ကြေညာ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးကွင်းနားက သဲကန္တာရတွေမှာ အာရပ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုရိုးရာ မြေစိုက်တဲတွေ ထိုးပေးပြီး ပရိသတ်တွေကို  ထားရှိသွားမယ်လို့ ကာတာနိုင်ငံက ကြေညာလိုက်ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ဖော်ရွေမှုနဲ့ မိတ်ဆွေပီသမှုကို ပြသဖို့အတွက် စီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။ ပရိသတ်တွေကို ထူးခြားတဲ့ အတွေ့အကြုံ ရရှိစေဖို့အတွက် ကြယ်တာယာအောက်မှာ အိပ်စက်ခြင်းဆိုတဲ့ အခြေအနေကို ဖန်တီးပေးဖို့ ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ ကာတာ ကမ္ဘာ့ဖလားကျင်းပရေး ဗဟိုကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပရိသတ် ၁၂၀၀၀ ၀န်းကျင်ကို ပြိုင်ပွဲကာလအတွင်း ဇိမ်ခံသင်္ဘောတွေမှာ နေရာချထားပေးဖို့ အစီအစဉ်ရှိတယ်လို့ ကာတာ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (QTA) က ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကို ကမ္ဘာတ၀ှမ်းက ပရိသတ်ပေါင်း ၅ သိန်းဝန်းကျင် လာရောက်မယ်လို့ ခန့်မှန်းထားပြီး အခြေခံအဆောက်အဦတွေ၊ ဟိုတယ်တွေနဲ့ လူနေအိမ်တွေကို တိုးချဲ့ဆောက်လုပ်နေပါတယ်။
5 years Ago
Up