၂၀၂၂ ကမ္ဘာ့ဖလား

November 1, 2018

၂၀၂၂ ကမ္ဘာ့ဖလားတွင် ၄၈ သင်းဖြင့် ယှဉ်ပြိုင်နိုင်ရန် ဖီဖာစီစဉ်နေ

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အသင်းပေါင်း ၄၈ သင်းနဲ့ စတင်ပါဝင် ယှဉ်ပြိုင်နိုင်ဖို့  စီစဉ်နေတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အန်ဖက်တီနိုက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်အဖြစ် ရွေးချယ်ထားတဲ့ ကာတာနိုင်ငံနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး အိမ်ရှင်နိုင်ငံ ထပ်တိုးပြီး ပူးတွဲကျင်းပရဖို့ ရှိနေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအထိ စုစုပေါင်း ၃၂ သင်းနဲ့ကျင်းပခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှ ၄၈ သင်းနဲ့ ကျင်းပဖို့ အတည်ပြုထားတာပါ။ လက်ရှိအခြေအနေအရ လာမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားကိုလည်း ၄၈ သင်းနဲ့ ကျင်းပဖို့ စီစဉ်မှုဟာ မဖြစ်နိုင်တဲ့ အခြေအနေမှာတော့ မရှိဘူးလို့လည်း ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ပြော ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကို ၄၈ သင်းနဲ့ ကျင်းပဖို့အတွက် ကာတာက မိတ်တွေအပြင် တခြားမိတ်ဆွေတွေနဲ့လည်း ဆွေးနွေးနေပြီး ဖြစ်လာဖို့ မျှော်လင့်တယ်လို့ အင်ဖက်တီနိုက ဆိုပါတယ်။ မလေးရှားမှာပြုလုပ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ရုံးချုပ်သစ်ဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုအနေနဲ့ အာရှနိုင်ငံတနိုင်ငံကိုပဲ ကာတာနိုင်ငံနဲ့ ပူးတွဲကျင်းပဖို့ ဆွေးနွေးဖွယ် ရှိနေပါတယ်။
3 years Ago
Up