၂၀၂၁ နှစ်ဦး

September 28, 2020

၂၀၂၁ နှစ်ဦးတွင် ကမ္ဘာလှည့်ပြည်ဝင်ဗီဇာများ ပြန်ထုတ်ပေးရန် ဆော်ဒီ စီစဉ်

ဆော်ဒီအာရေဗျအစိုးရဟာ ၂၀၂၁ နှစ်ဦးပိုင်းမှာ ကမ္ဘာလှည့်ခရီးသည် ပြည်ဝင်ခွင့်ဗီဇာတွေ ပြန်ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ဟန့်တားဖို့ အစိုးရက လချီပြီး လုပ်ဆောင်ချက်တွေ တင်းကြပ်ခဲ့ပြီးတဲ့နောက် ခုလို ကြေညာတာပါ။  ရေနံကို အားကိုးနေတဲ့ ဆော်ဒီစီးပွားရေးကို ပြင်ဆင်ဖို့ အိမ်ရှေ့စံ မိုဟမ်မက် ဘင် ဆယ်လ်မန်ရဲ့ ပြုပြင်ပြောင်းလဲရေး ဗျူဟာမှာ ခရီးသွားလုပ်ငန်းဟာ အဓိက ထောက်တိုင်ပါ။  စက်တင်ဘာလကစပြီး ဆော်ဒီဟာ နိုင်ငံပေါင်း ၄၉ နိုင်ငံအတွက် ပြည်ဝင်ခွင့် အသစ်တွေ ထုတ်ပေးပြီး တံခါး ဖွင့်လိုက်ပါတယ်။  ဆော်ဒီအာရေဗျနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံအတည်ပြုလူနာ ၃ သိန်း ၃ သောင်း ၃ ထောင်နီးပါးရှိပြီး ကူးစက်ခံ ၄၆၅၅ ယောက် သေဆုံးခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း ကူးစက်နှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။
8 months Ago
Up