၂၀၂၁ မှာ ကျင်းပမယ့် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲကို ဒုတိယအကြိမ် ထပ်ရွှေ့ဖို့ အစီအစဉ်မရှိဘူးလို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ တာဝန်ရှိသူက မေ ၉ ရက်မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကြောင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) နဲ့ ဂျပန်အစိုးရတို့က ဒီနှစ်ကျင်းပမယ့် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကို ရှေ့နှစ် ၂၀၂၁ ဇူလိုင်လအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။
ကမ္ဘာတဝန်း ကပ်ရောဂါကူးစက်မှု မြင့်တက်နေပြီး ကာကွယ်ဆေးရဖို့ကလည်း အလှမ်းဝေးနေသေးတာမို့ ပြိုင်ပွဲကြီးကို နောက်ထပ်ရွှေ့ဦးမလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းတဲ့အပေါ် သြစတြေးလျ အိုလံပစ်ကော်မတီ အကြီးအကဲ ဂျွန်ကုတ်စ်က ထပ်ရွှေ့ဖို့ လုပ်မှာမဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်ကတည်းက သြစတြေးလျ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လာတဲ့ ကုတ်စ်က အိုလံပစ်ကော်မတီဟာ ခက်ခဲတဲ့ ဒီလိုကာလကို ဖြတ်သန်းဖို့ ငွေကြေးအရ တောင့်တင်းတယ်လို့ သူ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
11 months Ago