၂၀၂၁ ကားမောင်းပြိုင်ပွဲ

December 18, 2020

ဆော်ဒီတွင် ကျင်းပမည့် ၂၀၂၁ ကားမောင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ လေ့ကျင့်

လက်ရှိ ဒါကာကားမောင်းပြိုင်ပွဲ ချန်ပီယံ ကားလို့စ်စိန်းအပါအဝင် ဝါသနာရှင် တချို့ဟာ  ဆော်ဒီသဲကန္တာရမှာ ကျင်းပမယ့် ၂၀၂၁ ပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။   ဇန်နဝါရီ ၃ ရက်ကနေ ၁၅ ရက်အတွင်း ကျင်းပမယ့် ကားမောင်းပြိုင်ပွဲ မတိုင်မီ လေ့ကျင်မှု တွေ လုပ်နေတယ်လို့  ချန်ပီယံ ကားလို့စ်စိန်းက မကြာသေးခင်က ပြောဆိုပါတယ်။  အလားတူ ၂၀၂၀ ဒါကာကားမောင်းပြိုင်ပွဲမှာ တတိယနေရာက ပန်းဝင်ခဲ့တဲ့  စတီဖန်ပီတာဟန်ဆယ်ကလည်း သူ့ ပြိုင်ကားနဲ့အဖွဲ့ဟာ ၂၀၂၁ မှာ အနိုင်ယူဖို့ အသင့်ပဲလို့ ပြောဆိုပါတယ်။  ၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယနေရာ ရတဲ့ နက်ဆာ-အယ်အက်တီကလည်း  ယုံကြည်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။  ဆော်ဒီအာဗျမှာ ကျင်းပမယ့် ဒုတိယပြိုင်ပွဲဟာ နိုင်ငံအနောက်ပိုင်း ဂျက်ဒါမြို့မှာ တာထွက်ပြီး အဲဒီမြို့မှာပဲ ပန်းဝင် ပြီးဆုံးမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago
Up