ရွှေ့ဆိုင်းထားတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၈ ရက်အထိ ကျင်းပသွားမယ်လို့ တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီက မတ်လ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဒီနှစ် ဇူလိုင် ၂၃ ရက်မှာ စတင်ဖို့စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နောက်တစ်နှစ် ရွှေ့လိုက်တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းတယ်လို့ ကြေညာခဲ့ပြီး ဒါဟာ ၁၂၄ နှစ် သက်တမ်းရှိတဲ့ ခေတ်သစ်အိုလံပစ်သမိုင်းမှာ ပထမဆုံးအကြိမ် အိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ အိုလံပစ်ပွဲကျင်းပရေးအတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာဖြစ်လို့ အိုလံပစ်ပြိုင်ပွဲရွှေ့လိုက်တာက ဂျပန်နိုင်ငံအဖို့ ကြီးမားတဲ့ ထိုး နှက်ချက်ပါ။
နောက်ပြီး ကုန်ကျစရိတ် ကျခံလှူဒါန်းသူတွေဆီကနေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံရရှိထားပါတယ်။
တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ အကြီးအကဲ ယိုရှိရိုမိုရိက အိုလံပစ်ကျင်းပမယ့် ရက်စွဲအသစ်ကို အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကိုလည်း သြဂုတ်လ ၂၄ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ ကျင်းပသွားမယ်လို့ ကော်မတီအကြီးအကဲ မိုရိက ပြောပါတယ်။
2 years Ago