ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းခဲ့ရတဲ့ ၂၀၂၀ ယူရိုဗွီးရှင်းအဆိုပြိုင်ပွဲအစား အွန်လိုင်း ဖျော်ဖြေပွဲကို မေလ ၁၆ ရက်မှာ ထုတ်လွှင့်သွားမယ်လို့ ပွဲစီစဉ်သူတွေက ကြေညာလိုက်ပါတယ်။
အချိန် ၂ နာရီ ကြာမြင့်မယ့် အဲဒီရှိုးကို မနှစ်က အနိုင်ရတဲ့ နယ်သာလန်နိုင်ငံရဲ့ ဟီဗာရှမ်မြို့ မီဒီယာပါ့ခ်ထဲကနေ နိုင်ငံပေါင်း ၄၀ ကျော်ကို ထုတ်လွှင့်သွားမယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
အွန်လိုင်းဖျော်ဖြေပွဲမှာ ၂၀၂၀ နောက်ဆုံးဖိုင်နယ်ပွဲ ပြီးဆုံးခဲ့တဲ့ အဆိုတော် ၄၁ ယောက် ပါဝင်မှာဖြစ်ပါတယ်။
အွန်လိုင်းဖျော်ဖြေပွဲအတွင်း အရင်ဆုရသူတွေနဲ့ ယှဉ်ပြိုင်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ အပြင် နောက်ထပ်တင်ဆက်မှုတွေလည်း ပါဝင်မယ်လို့ တရားဝင် ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။
မနှစ်က ဆုရခဲ့တဲ့ ဒတ်ချ်အဆိုတော်နဲ့ သီချင်းရေးဆရာ ဒန်ကန်လောရင့်စ်က "Someone Else” ဆိုတဲ့သီချင်းကို ပွဲဦးထွက် တင်ဆက်သွားမယ်လို့လည်း ရိုက်တာသတင်းက ရေးပါတယ်။
10 months Ago