ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ကြွေးမြီပြန်ပေးဆပ်မှုကို မေလ ၁ ရက်ကနေ ဒီနှစ်ကုန် အထိ ခေတ္တဆိုင်းငံ့ပေးဖို့ G20 နိုင်ငံဘဏ္ဍာရေးအရာရှိတွေက ဧပြီ ၁၅ ရက်မှာ သဘောတူခဲ့ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အာဖရိက နိုင်ငံတွေဖြစ်တဲ့ မိုဇမ်ဘစ် ၊ လိုက်ဘေးရီးယား၊ ဘာကီနာဖာဆိုနဲ့ ဆီယာလီယွန်တို့ပါဝင်ပါတယ်။
G20 အဖွဲ့က ပုဂ္ဂလိက မြီရှင်တွေကို အခြေခံသတ်မှတ်ချက်နဲ့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ချိန် ကမ္ဘာ့စီးပွားရေး ကောင်းအောင် မြှင့်တင်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အိုပက်နဲ့ မိတ်ဖက်နိုင်ငံတွေ ရခဲ့တဲ့ သဘောတူညီချက်အပေါ် စွမ်းအင်ဝန်ကြီးတွေ ထောက်ခံတာကို ရည်ညွှန်းပြီး G20 အဖွဲ့ဟာ စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးကို လိုလား နေပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးမှာ အခွန်ကိစ္စတွေ လုပ်ဆောင်နိုင်ဖို့ G20 အဖွဲ့ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံဖြိုးရေးအဖွဲ့အစည်း OECD အပါအဝင် တခြားပတ်သက်သူတွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့လည်း ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီးက ထပ်လောင်း ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံဟာ ဒီနှစ် G20 အစည်းဝေးတွေကို လက်ခံကျင်းပတဲ့ နိုင်ငံ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago