၂၀၁၈ အစပိုင်းတွင် အနည်းဆုံးပြိုင်ပွဲ ၇ ပွဲ ယှဉ်ပြိုင်မည်ဟု မက်အီရွိုင်း ကြေညာ

December 12, 2017

၂၀၁၈ အစပိုင်းတွင် အနည်းဆုံးပြိုင်ပွဲ ၇ ပွဲ ယှဉ်ပြိုင်မည်ဟု မက်အီရွိုင်း ကြေညာ

၂၀၁၈ ခုနှစ် အစပိုင်းမှာ အနည်းဆုံး ပြိုင်ပွဲ ၇ ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မြောက်အိုင်ယာလန် ဂေါ့ဖ်ကစားသမား မက်အီရွိုင်းက ကြေညာလိုက်ပါတယ်။ အသက် ၂၈ နှစ်ရှိ မက်အီရွိုင်းအနေနဲ့ တင်ပါးဒဏ်ရာ ရခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ ချန်ပီယံဆုဖလား တလုံးမှ ရယူနိုင်ခြင်းမရှိဘဲ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့တဲ့နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်အီရွိုင်းအနေနဲ့ လာမယ့် ဇန်နဝါရီလအတွင်း ဒူဘိုင်းမှာကျင်းပမယ့် ဥရောပ Tour ပြိုင်ပွဲနှစ်ပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းမှာတော့ PGA Tour ပြိုင်ပွဲ ကစားဖို့ရှိနေပါတယ်။ အဲဒီပွဲတွေအပြီးမှာ အဓိကပြိုင်ပွဲတွေဖြစ်တဲ့ US Open၊ မာစတာ Tournament နဲ့ The Open Championship ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖို့ရှိပါတယ်။ ကမ္ဘာ့အဆင့် ၁ ဂေါ့ဖ်ကစားသမားဟောင်း မက်အီရွိုင်းဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာရခဲ့တာကြောင့် လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ၁၀ အဖြစ် သတ်မှတ်ခံထားရပါတယ်။
3 years Ago
Up