၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

October 11, 2017

၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းအထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ အာဏာသိမ်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားသွားပါတယ်။ ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတိအကျ ပြောကြားတာမျိုး မရှိသေးပါဘူး။ အခုကျင်းပမယ့် ရွေးကောက်ပွဲရက် အတိအကျကိုလည်း ၂၀၁၈ ခုနှစ် ဇွန်လမှာ ကြေညာသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားပါတယ်။ အာဏာသိမ်း ထိုင်းစစ်အစိုးရဟာ အရင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အနည်းဆုံး ၂ ကြိမ် ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းပြည်လုံခြုံရေးကိစ္စ အကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းခဲ့ဖူးပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ အကျင့်ပျက်ခြစားမှုတွေကို မဖြစ်မနေ အဆုံးသတ်ဖို့ လိုတယ်လို့လည်း ပြောကြားသွားပါတယ်။
4 years Ago
Up