၂၀၁၇ အာဖရိကဖလားပွဲမှ အကောင်းဆုံး သွင်းဂိုး ၁၀ ဂိုး

February 7, 2017

၂၀၁၇ အာဖရိကဖလားပွဲမှ အကောင်းဆုံး သွင်းဂိုး ၁၀ ဂိုး (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို ဂါဘွန်နိုင်ငံမှာ ဇန်နဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကျင်းပခဲ့တဲ့ ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ကင်မရွန်းနဲ့ အီဂျစ်တို့ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ကင်မရွန်းက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။ အိမ်ရှင် ဂါဘွန်ကတော့ ဘူကီနာဖာဆို၊ ကင်မရွန်း၊ ဂီနီယာတို့နဲ့ အတူ အုပ်စု အေမှာ ပါဝင်ပြီး အုပ်စုတွင်း သုံးပွဲစလုံး သရေကျကာ ၃ မှတ်ပဲရရှိလို့ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။ အခုနှစ်ကျင်းပတဲ့ ပြိုင်ပွဲတွေအတွင်း အကောင်းဆုံး သွင်းဂိုး ၁၀ ဂိုးကို စုစည်းပြီး ယူကျု အင်တာနက် စာမျက်နှာမှာ စုစည်းဖော်ပြထားပါတယ်။
4 years Ago
Up