၂၀၁၇ အာဆီယံ ယူ ၁၈

A d v e r t i s e m e n t With Us

October 18, 2016

၂၀၁၇ အာဆီယံ ယူ ၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲဟာ ယခင်နှစ်တွေက နှစ်စဉ် ကျင်းပခဲ့တဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အသွင်ပြောင်းလဲ ကျင်းပခြင်း ဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ အဆိုပါပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံခဲ့ရာတွင် စတုတ္ထဆုသာ ရယူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံ တကြိမ်၊ ဒုတိယ တကြိမ်၊ စတုတ္ထ လေးကြိမ် ရရှိထားပါတယ်။
4 years Ago
Up