အမျိုးသားတင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဖြစ်ဖူးတဲ့ ရာဖယ်နဒါးက လာမယ့် ၂၀၁၇ မှာ ဒဏ်ရာအကြီးအကျယ် ရတာမျိုးကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ဘယ်သန်တယောက်ဖြစ်တဲ့ နဒါးဟာ လောလောဆယ်မှာ လာမယ့်နှစ် ပွဲစဉ်တွေအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။
စပိန်နိုင်ငံသားဖြစ်တဲ့ နဒါးက အဓိကရည်မှန်းချက်ဟာ ကျန်းမာဖို့ဖြစ်ပြီး ကျန်တာတွေက မဖြစ်နိုင်တာ မရှိဘူးလို့ ပြောပါတယ်။
နဒါးဟာ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၂၀၁၄ မှာ နောက်ဆုံး ရရှိထားပါတယ်။
သူဟာ ဒီနှစ်ထဲမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။
6 years Ago