၂၀၁၆ ခုနှစ်သည် ဆီးရီးယားကလေးများအတွက် အဆိုးဝါးဆုံးနှစ်တနှစ်ဖြစ်

March 14, 2017

၂၀၁၆ ခုနှစ်သည် ဆီးရီးယားကလေးများအတွက် အဆိုးဝါးဆုံးနှစ်တနှစ်ဖြစ်

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ဆီးရီးယားကလေးတွေအတွက် အဆိုးဝါးဆုံးနှစ်တနှစ်ဖြစ်ခဲ့ပြီး တခြားနှစ်တွေထက် အသေအပျောက်အများဆုံးနှစ်တနှစ် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဆီးရီးယားစစ်အတွင်း ကလေးငယ် အနည်းဆုံး ၆၅၂ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲက ၂၅၅ ဦးဟာ သူတို့ရဲ့ကျောင်းထဲမှာ ဒါမှမဟုတ် သူတို့ရဲ့ကျောင်းနားမှာ သေဆုံးခဲ့ကြပြီး အရင်တနှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာတာလို့ ယူနီဆက်ဖ်က ပြောပါတယ်။ ဒီအရေအတွက်ဟာ တရားဝင်အတည်ပြုထားတဲ့ အရေအတွက်ပေါ် အခြေခံထုတ်ပြန်မှုဖြစ်ပြီး တကယ်သေဆုံးမှု အရေအတွက်ကတော့ ဒီထက်မက မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ကလေးစစ်သားအဖြစ် ဆွဲသွင်းခံရသူ ကလေး ၈၅၀ ကျော်မယ်လို့လည်း ယူနီဆက်ဖ်က ယုံကြည်ပြီး ဒါဟာလည်း အရင်တနှစ်ကထက် ၂ ဆ မြင့်တက်လာတာပါ။ ဒီအခြေအနေဟာ မကြုံစဘူး သိပ်မြင့်မားလွန်းတယ်၊ သန်းနဲ့ချီတဲ့ ဆီးရီးယားကလေးတွေဟာ နေ့စဉ်လိုလို တိုက်ခိုက်ခံနေကြရပြီး သူတို့တွေရဲ့ ဘဝတွေဟာ လုံးဝပျက်စီးဆုံးရှုံးနေကြရတယ်လို့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသ ယူနီဆက်ဖ်ညွှန်ကြားရေးမှူးက ဆီးရီးယားနိုင်ငံ ဟုမ်း (Homs) မြို့မှာ ပြောဆိုခဲ့ပါတယ်။
5 years Ago
Up