၂၀၁၆ ခုနှစ်

November 9, 2016

၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဓာတ်ပုံပြိုင်ပွဲကျင်းပ

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီမှ စတင်ကျင်းပပြီး နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ ပြီးဆုံးတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဓာတ်ပုံပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုကာလ ပြီးဆုံးသွားပြီဖြစ်ပြီး ကမ္ဘာနဲ့အဝှမ်းက ဓာတ်ပုံဆရာတွေဟာ ပြိုင်ပွဲအတွက် သဘာဝအလှနဲ့ နက်နဲလှတဲ့ ပုံတွေကို ကြိုးစားပြီး အမိအရရိုက်ကူး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကော်မတီကလည်း တကမ္ဘာလုံးက အကောင်းဆုံးနဲ့ မတူတဲ့သဘာဝပတ်ဝန်းကျင် အမျိုးမျိုးက ကြီးကျယ်ခမ်းနားလှတဲ့ သဘာဝဓါတ်ပုံတွေကို ပြသတဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ ထောင်ပေါင်းများစွာ ရရှိကြောင်းနဲ့ ဆုရရှိသူတွေကို ဒီဇင်ဘာလ အစောပိုင်းမှာ ကြေညာမယ်လို့ ပြောလိုက်ပါတယ်။ အမှတ်ပေးဒိုင်လူကြီးတွေက အနိုင်ရသူတွေကို မရွေးချယ်ခင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဓာတ်ပုံတွေထဲက အကောင်းဆုံးပုံတွေကို ပြသထားတဲ့ အင်တာနက်စာမျက်မှာရှိတဲ့ ဓာတ်ပုံပြခန်းကို ကြည့်ရှုဖို့နဲ့ အင်မတန်လှပတဲ့ နံရံကပ်ပိုစတာတွေကို ကူးယူနိုင်ကြောင်းလည်း အကြံပြုထားပါတယ်။ ပထမဆုကို အမေရိကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယဆုကို ဒေါ်လာ ၇၅၀ နဲ့ တတိယဆုကို ဒေါ်လာ ၅၀၀ ချီးမြှင့်မယ်လို့လည်း သိရပါတယ်။ ဘယ်သူတွေများ အနိုင်ရရှိသူတွေ ဖြစ်မလဲ ကိုယ်အနှစ်သက်ဆုံးပုံတွေကို ရွေးချယ်ပြီး ပြန်လည်ဖြန့်ဝေဖို့လည်း ပြိုင်ပွဲကော်မတီက အကြံပြုထားပါသေးတယ်။
6 years Ago
Up