၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် ပြည်သူ့ရင်ခုန်သံ

A d v e r t i s e m e n t With Us

November 7, 2015

၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် အနုပညာရှင်များ၏ ရင်ခုန်သံ

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အနုပညာရှင်တွေရဲ့ ရင်ခုန်သံကို မေးမြန်းထားပါတယ်။ လူမင်း (အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်) lu-minj“ကျနော်က ပါရမီဆိုတော့ ကျနော်တို့နေတဲ့ ရန်ကင်းမြို့နယ်မှာ မဲသွားပေးမှာပါ။ ကျနော်တို့ ပြည်သူတွေ အဲဒီလို ရွေးချယ်ခွင့် မရှိခဲ့ဖူးပါဘူး။ ပထမဦးဆုံး ကိုယ့်ကိုအုပ်ချုပ်မယ့် အစိုးရကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့် ရတဲ့ ပထမဦးဆုံးသော တကယ့်အခွင့်အရေးကို ပြည် သူတွေ လက်လွှတ်အဆုံးရှုံး မခံပါနဲ့လို့ ပြောချင်ပါတယ်။  အကောင်းဆုံးဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဗေလုဝ (လူရွှင်တော်၊ ဟသ သရုပ်ဆောင်) bay lu wa“ကျနော် မဲထည့်ဖူးပါတယ်။ ဒီ ၂၀၁၂ မှာမဲထည့်ဖူးတယ်။ ဟိုဟာကတော့ ကြားဖြတ်ပေါ့ဗျာ။ ကြားဖြတ်ရွေးကောက် ပွဲကတော့ အမတ်ဦးရေနည်းတာပေါ့။ ဒီဟာကတော့ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တဲ့ ပြိုင်ဆိုင်မှုမျိုးပေါ့၊ မဲရွေးပုံရွေးနည်းမျိုးပေါ့။ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တယ်ဆိုတော့ ပြိုင်ဆိုင်မှု ကြီးတယ်ပေါ့။ ကျနော်တို့ အဖြစ်ချင်ဆုံးကတော့ တရာမျှတတဲ့ ရွေးကောက်ပွဲကြီးတခု သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်စေချင်တာပါပဲ။ တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။” မင်းထင်ကိုကိုကြီး (ဒါရိုက်တာ) mhkkg“ကျနော် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ထဲက မဲပေးသွားမှာပါ။ ခုကျင်းပမယ့်ရွေးကောက် ပွဲ ကို လွတ်လပ်ပြီးမျှတ တဲ့ ရွေးကောက်ပွဲဖြစ် မယ်လို့ မျှော်လင့်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ စနစ်တခုရှိခဲ့ပြီးပြီ။ ခုလာမယ့် ရွေးကောက် ပွဲမှာတော့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့မဲကနေ စစ်မှန်ပြီးမျှတတဲ့ အစိုးရဖြစ်လာနိုင်စေဖို့ မဲပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်။” ဇော်ဝင်းထွဋ် (အဆိုတော်) 10436011_730629053640152_2571601616119533_n copy“ကျနော်ကတော့ မရမ်းကုန်းမြို့နယ်လေ။ ကျနော်တို့ တအိမ်လုံး မနက်ကျရင်သွားကြမှာ။  ဒီရွေးကောက်ပွဲကတော့ တနိုင်ငံလုံးက ရင်ခုန်ရတဲ့ပွဲပေါ့နော်။ တရားမျှတမှုဖြစ် အောင် လုပ်မယ်လို့လည်း တချိန်လုံး ကြွေးကြော်ထား တဲ့ပွဲဆိုတော့ မနက်ဖြန်မှာ ကျနော်တို့ အားလုံး ပိတ်ကားပေါ်မှာ မျက်ဝါးထင်ထင်မြင်ရမယ့် ပွဲပေါ့နော်။ ကျနော်တို့ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားပါတယ်။ ပြည်သူတွေ အကုန်လုံးလည်း စိတ်လှုပ်ရှားနေပါတယ်။ တကယ်တော့လည်း ကျနော်တို့တိုင်းပြည်က ဒါမျိုး ရှေ့မှာလည်း သိပ်မကြုံခဲ့ဖူးဘူးဆိုတော့ အားလုံးရင်ခုန်မျှော်လင့်နေတဲ့ ပွဲကြီးပေါ့။ အဲဒီတော့ အကောင်းဆုံး ရလဒ်တွေ ရပါစေလို့ပဲ ကျနော်က ဆုတောင်းနေပါတယ်။” ဖြူဖြူကျော်သိန်း (အဆိုတော်) 942228_578816888807196_601489585_n“ဖြူဖြူက စမ်းချောင်းတောင်ရပ် ကွက်ဆိုတော့ အ.ထ.က (၃) ဒုတိယထပ် အဆောင်ဘက်မှာ ပေးရ မယ်လို့ ပြောပါ တယ်။ ဖြူဖြူအခုပဲ ဘန်ကောက် ကနေ ပြန်ရောက်တာ။ အဲဒါအမှီပြန်လာတာ။ မနက်ဖြန် မဲပေးဖို့အတွက်။  ဒီတခေါက်ရွေးကောက် ပွဲကတော့  အရင်တခေါက်ထက်စာလို့ရှိရင် ဒီတခေါက်မှာကျတော့ ပြည်သူတွေလည်း နိုင်ငံရေးအသိ နိုးကြားမှုက ပိုပြီးတော့လည်း များလာတယ်။ ပိုပြီးတော့လည်း ပြင်းထန်လာတယ်။ အသိတွေလည်း ပိုရှိလာတယ်။ ပိုပြီးအားရဖို့ကောင်းတယ်။ နောက်ပြီးအားလုံးကလည်း စောင့်ကြည့်နေကြတယ်။ ဖြူဖြူတို့လည်း ပိုကောင်းတဲ့ အနာဂတ်တခုဖြစ်လာဖို့အတွက်ကို မျှော်လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူ၊ ပရိသတ်တွေ အကုန်လုံးကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားပြီးတော့ မဲပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။” ဇွန်သဉ္ဇာ (မြန်မာမော်ဒယ်) 293596_187751757958833_2806949_n copy“ဒီတခေါက်တော့ မဲမပေးတော့ဘူးရှင်။ မဲစာရင်းမှာ မပါတာတော့ မဟုတ်ဘူးရှင်။ မဲကလေ ဟို..ဘယ်ပါတီ ကို ပေးရမလဲပေါ့။ နှစ် ဘက် စလုံးကိုလည်း ကိုယ်က သဘောကျတယ်။ နှစ် ဘက်စလုံးကိုလည်း ကိုယ်က လေးစား တယ်ပေါ့။ ဘယ်သူ့ကိုပေးရမှန်း မသိတာနဲ့ မပေးဖြစ်တော့ဘူးရှင်။ ဒီရွေးကောက်ပွဲကတော့ စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဖြစ်စေချင်တာတော့ တကယ် ဒီတိုင်းပြည်အတွက် အကျိုးရှိရှိ လုပ်ပေးနိုင်မယ့် အစိုးရအသစ်ကိုတော့ ပိုပြီးတော့ မျှော်လင့်တာပေါ့နော်။ အဲဒီတိုင်းဖြစ်လာမယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။”
5 years Ago

၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် ပြည်သူ့ရင်ခုန်သံ

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေရဲ့ ရင်ခုန်သံကို မေးမြန်းထားပါတယ်။ ဦးသောင်းတင် ( ထန်းတပင်ကျေးရွာ။ ဟင်္သာတမြို့နယ်) “ကျနော်တို့ရဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ သမိုင်းဝင်သော ရွေးကောက်ပွဲကြီး တခုဆိုတာကိုလည်း ကျနော်တို့က ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ကျနော်တို့ အသက်အရွယ်ရောက်တဲ့အချိန်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတခုကို ကြုံခဲ့ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တချက်ကြုံခဲ့ပါတယ်။ သို့သော် အဲဒီရဲ့ ရွေးကောက်ပွဲတွေထက် တန်ဖိုးအရှိဆုံးသည် ၂၀၁၅ ရွေးကောက်ပွဲဟာ သမိုင်းဝင် မော်ကွန်းတင်လောက်တဲ့ ပွဲတပွဲဖြစ်မယ်လို့ ကျနော်တို့က ယုံကြည်လက်ခံပါတယ်။ ကျနော်တို့ဆီမှာတော့ ဘယ်ပါတီ၊ ညာပါတီ ထည့်ရယ်လို့တော့ မဟုတ်ပါဘူး။ ပြည်သူတရပ်အနေနဲ့ ပါဝင်ဆင်နွှဲ့ခွင့်ရတဲ့ လွတ်လွတ်လပ်လပ်နဲ့ အစိုးရသစ်ကြီးတခုကို ပေါ်ပေါက်လာဖို့အတွက် ပေးရတဲ့နေရာမျိုးမှာ အမှားမှားအယွင်းယွင်းတွေ ဖြစ်သွားမှာကိုပဲ ပူပန်မိပါတယ်။ ” ကိုမျိုးသက်ကျော် (အထူးရဲ ဒူးယားရဲစခန်း၊ ဟင်္သတမြို့နယ်) “ဒီပတ်ဝန်းကျင်မှာ လက်ရှိ ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကော်မရှင်အဖွဲ့တွေ၊ ပါတီဝင်တွေနဲ့လည်း တယောက်နဲ့တယောက်ပြသနာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးကလည်း ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ ဖြစ်စေချင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကလည်း လုံခြုံရေးပိုင်းမှာကော သူတို့ စိချမ်းချမ်းသာသာနဲ့ ဖြစ်ဖို့အတွက်ကို ကျနော်တို့ဖက်ကနေပြီးတော့ တာဝန်ယူဆောင်ရွက်သွားမယ်။” ဒေါ်ခင်ညွှန့်မူ (ပဲခူးမြို့) “ဒီရွေးကောက်ပွဲကတော့ အများပြည်သူဆန္ဒအတိုင်း မှန်မှန်ကန်ကန်လေး ဖြစ်စေချင်ပါတယ်။ ပြည်သူက မဲအများဆုံးပေးတဲ့ပါတီကို ဟိုဒင်းမယ်ဆိုလို့ရှိရင်လည်း  အဲဒီပါတီက မှန်မှန်နဲ့ မဲတွေရရှိပြီးတော့ အောင်နိုင်စေချင်တာပေါ့။ အဓိကကတော့ ပြည်သူတွေက သူတို့ ပြောင်းလဲပေးနိုင်မဲ့ပါတီကို သူတို့ အားကိုးတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မဲပေးတုန်းက အမှားအမှန်တခုပဲ ပေးရတာဆိုတော့ မဲပုံးတပုံးပဲ ထည့်ရတာပေါ့။ အခုဟာက မဲ ၃ ပုံးထည့်ရမယ်ဆိုတော့ လူကြီးတွေအနေနဲ့ ရှုပ်ထွေးပြီးတော့ မှားမှာ စိုးရတယ်။” ကိုထွန်းထွန်းဝင်း (မိတ္ထီလာ) “အရင်တုန်းက ကျနော်မဲပေးခဲ့ဖူးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကပါ။ ဒီပွဲကတော့ ရင်တော့ တော်တော်ခုန်ရတဲ့ပွဲပဲ။ ကြည့်ရတဲ့အနေအထားအရ အဓိက မဲတွေက အခုချိန်ထိထောင် ၃ ကြိမ်မြောက်ထိထောင် နာမည်တွေ မပါတာတွေက ရှိနေတာဆိုတော့ အဓိက ပြသနာတွေက ရင်ခုန်ရတယ်လို့ ပြောရမှာပေါ့။ ၂၀၁၂ တုန်းကတော့ အခုလောက်ကြီး မဟုတ်ဘူး။ အခုဥစ္စာကတော့ တကယ့်ကို အန်အယ်လ်ဒီက နိုင်မယ်ဆိုရင် တကယ်ပြောင်းလဲလိမ့်မယ်လို့ ကျနော်က ယူဆထားတာ။  အဓိကကတော့ ပြောင်းလဲမှုလေး တခုဖြစ်စေချင်တယ်။ မှန်မှန်ကန်ကန်လေး ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် မှန်ကန်မယ့် ရွေးကောက်ပွဲတော့ မဖြစ်လောက်ဘူးလို့ ကျနော်ထင်တယ်။” ဒေါ်ပြုံးယဉ် (သာစည်) “အန်တီက ၉၀ တုန်းက မဲပေးဖူးပါတယ်။ ၉၀ တုန်းကတော့ လွယ်ကူတယ်။ အခုဟာက နည်းနည်း ခက်တယ်။ အမှားများနိုင်တဲ့ပုံစံမျိုးပေါ့။ ၉၀ တုန်းကဆိုရင် ကျမတို့က မဲစာရွက်ကို ယူသွားတယ်။ မဲခန်းထဲ ရောက်လို့ရှိရင် မဲပုံထဲကို ထည့်ရတယ်။ အခုဟာကကျတော့ စနစ်နဲ့ မဲစာရွက်ထုတ်ရတယ်။ နည်းနည်း ခက်ခဲတယ်ပေါ့နော်။ အမှားများနိုင်တာပေါ့။ သေချာ စိစစ်ပြီးလုပ်မှသာလျှင် ရမှာပေါ့။ အန်တီကတော့ အကောင်းဆုံးပဲဖြစ်ချင်တာပေါ့။  ” ဦးကျော်မင်းစိန် (ဘားအံ) “အန်ကယ်ကတော့ စင်ကာပူကလူတွေကို အားကျလို့ ညသွားစောင့်အိပ်မလားလို့။ အရင် ၂၀၁၂ တုန်းက ပေးတာကလည်း အမှန်ခြစ်ပဲ ပေးဖူးတာလေ။ အခုကတော့ တော်တော်လေး အားရစရာ ကောင်းတယ်။ ဗဟုသုတဖြစ်စရာကောင်းတဲ့ ရွေးကောက်ပွဲပဲ။ အခင်းအကျင်းတွေ ကတော့ ဒီလောက်ထိ ညစ်ပတ်တဲ့ကြားထဲကနေပြီး ဒေါ်စုတို့ အဖွဲ့ကတော့ ကောင်းကောင်းမွန်မွန်လုပ်နေတာကို။ ဒို့ကတော့ ခွတ်ဒေါင်းပဲလေ။” ဒေါ်စန်းစန်းတင် (မင်္ဂလာတောင်ညွန့်မြို့နယ် အမက ၁၄ မဲရုံဝန်ထမ်း) “မဲပေးရမယ့် ခံစားချက်ကို ပြောရမယ်ဆိုရင် ကျမတို့ ကောင်းကောင်းမွန်မွန်နေရမယ်။ နောက်ကျောလုံမယ်၊ သားသမီးတွေလည်း ကောင်းကောင်းမွန်မွန် နေရမယ်။ အစစအရာရာ ပြောင်းလဲသွားမယ်လေ။ အဲဒါကြောင့် ထည့်မှာပါ။” ကိုလှဇော်  (ထိုင်းနိုင်ငံ ကန်ချနဘူရီရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား) “ကျနော်က မကွေးတိုင်း ဆင်ပေါင်ဝဲကပါ၊ မဲတော့ပေးချင်တယ်။  ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့အခါကျတော့ သူဌေးက အခွင့်အရေး မပေးဘူး။ အခက်အခဲရှိတယ် ။ ဒီမှာက သံရုံးကလည်း မဲအတွက်ကို လာပြောခြင်းဆိုခြင်းမရှိကြဘူး။ လူတွေကလည်းမဲနဲ့လည်း အလှမ်းဝေးတယ်လေ။ မြန်မာပြည်ပြန်ပြီး မဲပေးမယ့်လူ  ဒီပတ်ဝန်းကျင်မှာတော့ အတော်လေးရှားတယ်။  ဒီမှာက အလုပ်သမားပေါင်း ၅၀၀ လောက်ရှိတယ် မဲပေးမယ့်သူက အယောက် ၁၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ မဲပေးခွင့်မရဘူးဆိုတော့ အများကြီးဆုံးရှူံးထာပေါ့။ အစိုးရက မနိုင် နိုင်မယ့်နည်းနဲ့ ရအောင်လုပ်မှာပဲ။ ကျနော်တို့ မလာဘူးဆိုရင် ကျနော်တို့ မှတ်ပုံတင်တွေ ခုတုံးလုပ်ပြီးတော့ မဲတွေထည့်မှာစိုးရိမ်ပါတယ်။”
5 years Ago
Up