မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ်ဟောင်းများ
Home
၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ်ဟောင်းများ
November 6, 2020
1.5K
မြောင်းမြမြို့၌ ကြိုတင်မဲပေးရာ ၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ်ဟောင်းများ ပါဝင်လာ
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက် မဲရုံမှာ ကြိုတင်မဲပေးရာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက မဲလက်မှတ်အဟောင်း ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။
အမှတ် ၂ ရပ်ကွက်မဲရုံမှာ နို၀င်ဘာလ ၅ ရက်က ကြိုတင်မဲပေးသူ အမျိုးသမီး ၂ ဦး ဆန္ဒမဲပေးချိန်မှာ ဆန္ဒမဲလက်မှတ်ထည့်တဲ့ စာအိတ်အတွင်းကနေ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက အသုံးပြုခဲ့တဲ့မဲလက်မှတ်တွေကို စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။
မြောင်းမြမြို့ ၊ အမှတ် ၂ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိသူတစ်ဦးက "မဲလက်မှတ်ထည့်တဲ့ စာအိတ်တွေထဲမှာ ပါလာတာ မဲရုံက အလွဲအမှား မဟုတ်ဘူး။ သက်ဆိုင်ရာက တံဆိပ်တုံးတွေလည်း မဲလက်မှတ် အဟောင်းမှာ ပါနေတာတွေ့ရတယ်"လို့ ပြောပါတယ်။
မဲလက်မှတ် အဟောင်းတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၈ ခု၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၃ ခုနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မဲလက်မှတ် ၁ ခုတို့ကို တွေ့ရှိခဲ့ တာဖြစ်ပါတယ်။
ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာ၀န်ရှိသူတွေက မြောင်းမြမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ကို အကြောင်းကြားခဲ့ပြီး မြို့နယ်ကော်မရှင်က အဆိုပါ မဲလက်မှတ်တွေကို လာရောက်သိမ်းဆည်းခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲသူအောင်က ပြောသည်။
မြောင်းမြမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၁၀,၀၀၀ ကျော်ရှိပြီး မဲလက်မှတ် အဟောင်းတွေ့ရှိခဲ့တဲ့ မဲရုံမှာတော့ မဲပေးခွင့်ရှိသူ ၁,၆၅၃ ဦးရှိတယ်လို့ သိရပါတယ်။
သတင်း-မင်းထက်မုန်း
ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
2 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up