၂၀၁၅ တွင် သတင်းထောက် ၁၁၀ အသတ်ခံခဲ့ရ

January 1, 2016

၂၀၁၅ တွင် သတင်းထောက် ၁၁၀ အသတ်ခံခဲ့ရ

၂၀၁၅ ခုနှစ်မှာ သတင်းထောက် စုစုပေါင်း အယောက် ၁၁၀ ဟာ အလုပ်နဲ့ ပတ်သက်ပြီး ဒါမှမဟုတ် မရှင်းလင်းတဲ့ အကြောင်းပြချက်တွေကြောင့် အသတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (အာအက်စ်အက်ဖ်) က ပြောလိုက်ပါတယ်။ သူတို့ထဲက ၆၇ ဦဟာ အလုပ်လုပ်နေချိန်မှာ ဒါမှမဟုတ် အလုပ်ကြောင့် ပစ်မှတ်ထား သတ်ဖြတ်ခံရတာလို့ ပြောပါတယ်။ ပြည်သူပြည်သား သတင်းသမား ၂၇ ဦးနဲ့ မီဒီယာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သတင်းထောက်မဟုတ်တဲ့ လုပ်သား ၇ ဦးလည်း ၂၀၁၅ ခုနှစ်ထဲမှာ အသတ်ခံခဲ့ရ ပါသေးတယ်။ ဆီးရီးယားနဲ့ အီရတ်ပြီးရင် ပြင်သစ်ဟာ သတင်းထောက်တွေ အသတ်ခံရဆုံး နိုင်ငံ ဖြစ်နေပါတယ်။ ၂၀၁၄ ခုနှစ်က အသတ်ခံရတဲ့ သတင်းထောက် ၃ ပုံ ၂ ပုံဟာ စစ်ပွဲဒေသထဲမှာ အသတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၅ မှာတော့ သေဆုံးမှု ၃ ပုံ ၂ ပုံဟာ ငြိမ်းချမ်းတဲ့ နိုင်ငံတွေမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အရေးပေါ် အခြေအနေနဲ့ ကိုက်ညီမှု ရှိရှိ တုံ့ပြန်ဖို့ကို အာအက်စ်အက်ဖ်က ဆော်သြ လိုက်ပြီး သတင်းထောက်တွေကို ကာကွယ်ဖို့ ပျက်ကွက်တာကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
6 years Ago
Up