၂၀၁၅ ခုနှစ်အတွင်း ဓာတ်ပုံဆရာတွေက ကမ္ဘာတ၀န်းကို သွားရောက်ပြီး ညှို့ယူဖမ်းစားနိုင်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။
စစ်ပွဲကနေ စီးပွားရေး ပြပွဲတွေစတဲ့ မြောက်မြားလှတဲ့ ကဏ္ဍတွေက ဓာတ်ပုံတွေကို ရိုက်ယူပြီး ကမ္ဘာတ၀န်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အတွင်း ရိုက်တာသတင်းဌာနရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဓာတ်ပုံတွေထဲမှာ မိုးသက်မုန်တိုင်းအတွင်း ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်ကို ဦးတည်နေတဲ့ ဆီးရီးယား ဒုက္ခသည်တဦးက သမီးကို နမ်းနေတဲ့ပုံတွေလည်း ပါဝင်နေပါတယ်။
တခြား အကောင်းဆုံးဓာတ်ပုံတွေထဲမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်တိုက်ခိုက်မှုမှာ မီးသတ်တပ်ဖွဲ့ဝင်တဦးက ဒဏ်ရာရသူတဦးကို ကယ်ဆယ်နေတာတွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ဓာတ်ပုံတွေမှာလည်း ဖေဖော်ဝါရီ နယူးယောက်ဖက်ရှင် သီတင်းတပတ်မှာ ရုပ်သံစတား ကင်ကာဒါရှီယန်က သမီးကို ချော့သိပ်နေတဲ့ပုံတွေလည်း ပါဝင်နေပါတယ်။
7 years Ago