၂၀၀ ခန့် ထွက်ပြေး

January 26, 2017

ဘရာဇီးထောင်အတွင်း ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသား ၂၀၀ ခန့် ထွက်ပြေး

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်မှာ အကျဉ်းထောင်တခု ထောင်ဆူပူမှုတွေဖြစ်ပြီး အကျဉ်းသား ၂၀၀ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဘရာဇီးအကျဉ်းထောင် အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဇန်န၀ါရီ မနက် ၈ နာရီလောက်မှာ ထောင်ဆူပူမီးရှို့မှု စတင်ဖြစ်ပွားခဲ့ပြီး ထောင် ၀ရုန်းသုန်းကားဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အကျဉ်းသားတွေ ထွက်ပြေးခဲ့ကြတာလို့ ထောင်အာဏာပိုင်တွေကပြောဆိုပါတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ အခြေအနေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အကျဉ်းသား အနည်းဆုံး အယောက် ၈၀ လောက်ကိုတော့ ပြန်ဖမ်းဆီးရမိတယ်လို့လည်း ပြောပါတယ်။ ဒီအကျဉ်းထောင်ဟာ အကျဉ်းသား ၁၀၀၀ ကျော်ပဲ လက်ခံထားနိုင်တဲ့ အကျဉ်းထောင် ဖြစ်ပေမယ့် အကျဉ်းသား ၁၄၀၀ ကျော် ထားရှိထားတယ်လို့လည်း ဆိုပါတယ်။ အခုနှစ်ဆန်း ၁ ရက်နေ့ကစပြီး ဘရာဇီးနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ မူးယစ်ရာဇ၀တ်ဂိုဏ်းတွေ အပြန်အလှန် လက်စားချေသတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး အကျဉ်းသား ၁၆၀ ကျော်လည်း သေဆုံးခဲ့ကြပါတယ်။
4 years Ago
Up