၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ဇီးကုန်းမြို့တွင် ဆန္ဒပြ

July 18, 2019

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ပျော်ဘွယ်တွင် ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီက လွှတ်တော်မှာ တင်သွင်းစာအား ထောက်ခံပွဲကို မန္တလေးတိုင်း ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် ကျောက်တိုင်ကွင်းမှာ ဇူလိုင် ၁၇ ရက် မနက်က လူအင်အား ၂ ထောင်ကျော် ကျင်းခဲ့ပါတယ်။ ထောက်ခံပွဲ ဦးဆောင်သူ ဦးဇော်ထွန်းက "၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး ဆိုတဲ့ ဗွီနိုင်းဆိုင်းဘုတ် အချပ် ၄၀ ကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ပါတယ်။ ၂၀၀၈ ခြေဥကို ပြင်ဆင်မှသာ ဒီမိုကရေစီအပြည့်အဝ ခံစားရမယ်လို့ ယုံကြည်ပါတယ်။ မတ်လတုန်းက လူအင်အား ၃၅၀၀ ကျော်တယ်၊ အခုဟာက ဝါဆိုအခါတွင်းနဲ့ တိုက်ဆိုင်သွားတယ်" လို့ ပြောပါတယ်။ ပျော်ဘွယ်မြို့မှာ ၂၀၀၈ ခြေဥပြင်ဆင်ရေးထောက်ခံပွဲကို ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။ ကျောက်တိုင်ကွင်းမှာ စုရပ်လုပ်ပြီး ပျော်ဘွယ်ဈေး တပတ်ပတ်ကာ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ကျောက်တိုင်ကွင်းကို ပြန်ဝင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မတ် ၂၅ ရက်တုန်းက ၂၀၀၈ ခြေဥပြင်ဆင်ရေးထောက်ခံပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် လာရောက်ဟောပြောခဲ့ပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago

February 27, 2019

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ဇီးကုန်းမြို့တွင် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲနဲ့ ဆိုင်းဘုတ်ထူပွဲကို ဒီကနေ့မနက်က ကျင်းပပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးဝင်းလှိုင်က “နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလွန်အရေးကြီး ပါတယ်။ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အခုအချိန်မှာ အသက်တမျှ အလွန်အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံးရဲ့ သဘောဆန္ဒနဲ့ အညီ ပါဝင်နိုင်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်ဖို့လိုတဲ့အတွက် ဖွဲ့စည်းအခြေခံဥပဒေဟာ အသက်တမျ အရေးကြီးတယ်” ပြောပါတယ်။ ဆန္ဒပြတဲ့ ပြည်သူအင်အား ၃၀၀ လောက်က မြို့တွင်းစီတန်းလှည့်လည်ပြီး “နိုင်ငံတော်ကြီး တိုးတက်ဖို့ ၂၀၀၈ အခြေခံဥပဒေပြင်ကြစို့”၊ “ကောင်းမွန်မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ပြည်သူအားလုံး ဝန်းရံပေး” စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ရွာမလမ်းထိပ် ဘိုးဘွားရိပ်သာခန်းမရှေ့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ ဆိုင်းဘုတ်စိုက်ထူခဲ့ ပါတယ်။ သတင်း - မေသွယ်
3 years Ago
Up