(၁-၀) ဂိုးဖြင့် အနိုင်ရ

February 5, 2020

အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်တွင် လီဗာပူးက ရှရီဘူရီတောင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ လီဗာပူးက ရှရီဘူရီတောင်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ တသင်းလုံး လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာတာပါ။ ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ရှရီဘူရီတောင်းအသင်းကတော့ ဂိုးပေါက် ခြိမ်းခြောက်တာတွေ မလုပ်နိုင်ခဲ့ပါဘူး။  လီဗာပူးအတွက် အနိုင်ဂိုးကို ရှရီဘူရီတောင်းအသင်းက ဝီလျံစ် ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲနိုင်တဲ့ လီဗာပူးက အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ချဲလ်ဆီးနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
1 year Ago
Up