ရခိုင်ပြည်နယ် မောင်တော်မြို့နယ်မှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ အမျိုးသားတဦးကို ဖမ်းဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၆ ရက်မနက်က မောင်တောမြို့နယ်၊ တောင်ရင်းကျေးရွာအတွင်း နယ်မြေတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ်မှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်ပတ်သက်တဲ့ ကွန်းခေါင်းကျေးရွာနေ မသင်္ကာ တရားခံ မာမတ်ဆီဒိတ်(ဖ) ဘာဆာမျာ ၅၅ နှစ်အား ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။
5 years Ago