၁ ဦးသေဆုံး

A d v e r t i s e m e n t With Us

August 6, 2017

ရပ်ထားသည့်ကားကို ဆိုင်ကယ်ဝင်တိုက်၊ ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/၄ သြဂုတ်လ ၄ ရက် ညနေ ၄ နာရီမှာ ကားရပ်ပြီး ထမင်းစားနေစဉ် ကားနောက်ပိုင်းကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိရာ အခင်းဖြစ်နေရာတင် သေဆုံးသွားတယ်လို့ ၀မ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ယာဉ်မောင်းကိုမျိုးကို ကားရပ်ပြီး ထမင်းစားစဉ် မြောက်မှ တောင်ကို ဇော်ဇော်အောင် မောင်းနှင်လာတဲ့ဆိုင်ကယ်ဟာ အရှိန်လွန်ပြီး ကားနောက်ပိုင်းကို ဝင်တိုက်မိပြီး  အခင်းဖြစ်ရာနေရာမှာ ဆိုင်ကယ်မောင်းသူ ဇော်ဇော်အောင် သေဆုံးခဲ့တာပါ။ ဒုရဲအုပ်အောင်ကိုဝင်းက "ဇော်ဇော်အောင် နဲ့ ဆိုင်ကယ် ကားအောက်ဝင်သွားတယ်။ ယာဘက်နားထင် ပေါက်ပြဲတယ်။ နှာခေါင်းက သွေးထွက်နေတယ်။ နေရာတင် သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံကို ပရဟိတကွန်ရက်က ပို့ပေးတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ယာဉ်မောင်းဇော်ဇော်အောင်ကို ယာဉ်မဆင်မခြင်မောင်းနှင်လို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

June 25, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ထရပ်ကားတစီးတိမ်းမှောက်၊ ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၁/၃နှင့်၎ အကြားမှာ ဇွန် ၂၄ ရက်နေ့ ညနေပိုင်းက လိုက်ထရပ်ကားတစီး တိမ်းမှောက်ပြီး ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ မန္တလေးဘက်ကိုမောင်းလာတဲ့ လိုက်ထရပ်ကား ညာဘက်ရှေ့ဘီး ပေါက်ပြီး တပတ်လည်တိမ်းမှောက်ကာ ဘယ်ဘက်မှာရှိတဲ့ လမ်းလယ်ကျွန်းပေါ် ရောက်သွားတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းကပြောပါတယ်။ သီးကုန်းအမြန်လမ်းရဲစခန်း ဒုရဲအုပ်သန်းထွန်းက "ကားပေါ်ပါသူ ၆ ယောက်လုံး ဒဏ်ရာရပြီး အမျိုးသမီးတယောက် မိတ္ထီလာဆေးရုံအရောက်မှာ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ သီးကုန်းအမြန်လမ်း ရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန် ဒဏ်ရာရမှုတွေနဲ့ ယာဉ်မောင်း ကိုနန်းတင်ကို အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up