၁ လတာ အကောင်းဆုံး

February 12, 2017

၁ လတာ အကောင်းဆုံး ကစားသမားဆုနှင့်နည်းပြဆု အယ်လီနှင့် ပေါလ်စလီမန့် ရရှိ

ဇန်န၀ါရီလအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံး ကစားသမားဆုကို စပါးအသင်းကွင်း လယ်ကစားသမား အယ်လီနဲ့ အကောင်းဆုံးနည်းပြဆုကို ဆွမ်ဆီးနည်းပြ ပေါလ်စလီမန့် က ရရှိခဲ့ပါတယ်။ အသက် ၂၀ နှစ်ရှိ အင်္ဂလန် လက်ရွေးစင်ကစားသမား အယ်လီဟာ ဇန်ဝါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သွင်းဂိုး ၅ ဂိုးရခဲ့ပြီး စပါးအသင်းကလည်း ပရီးမီးယားလိဂ် လေးပွဲမှာ ၃ ပွဲ နိုင် ၁ ပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့တာပါ။ တလတာအကောင်း ဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ရခဲ့တဲ့အတွက် ပျော်ရွှင်မိပြီး အောင်မြင်မှုတခု ရရှိတာဖြစ်တယ်လို့ အယ်လီကဆိုပါတယ်။ ဆွမ်ဆီးအသင်းဟာ  ဇန်န၀ါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ စဉ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်နဲ့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် ဆွမ်ဆီးနည်းပြ ပေါလ်စလီမန့် က ရရှိခဲ့တာဖြစ်ပါတယ်။
4 years Ago
Up