၁ ရက်

May 25, 2020

ရုရှားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ သိန်းခွဲကျော်နှင့် ၁ ရက်အတွင်း သေဆုံးသူ ၉၂ ဦးရှိ

ရုရှားနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၃ သိန်းခွဲကျော်သွားခဲ့ပြီဖြစ်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၉၄၆ ယောက်ထိ မြင့်တက်ခဲ့ ပြီးနောက် စုစုပေါင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၃၅၃,၄၂၇ ယောက် ရှိလာခဲ့တာလို့ ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုံ့ပြန်ရေးစင်တာက ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ တရက်အတွင်း ၉၂ ယောက်ထိ မြင့်တက်ခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူစုစုပေါင်း ၃,၆၃၃ ယောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၅,၅၁၃,၆၇၁ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၄၆,၈၆၈ ယောက်နဲ့ ပြန်လည်ပျောက်ကင်းသက်သာလာသူ ၂,၃၀၉,၂၉၁ ယောက် ရှိတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။ ရုရှားနိုင်ငံကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာ ဖြစ်ပြီး အမေရိကန်၊ ဘရာဇီးနိုင်ငံတွေရဲ့နောက် တတိယကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာနေတာပါ။
11 months Ago

May 22, 2020

အိန္ဒိယတွင် ၁ ရက်အတွင်း ကိုရိုနာအတည်ပြုလူနာ ၆၀၀၀ ကျော်ရှိ

အိန္ဒိယမှာ တနိုင်ငံလုံး လော့ဒေါင်းချထားတာကို ပြန်ဖွင့်ပေးလိုက်ပေမဲ့  နှစ်ဆယ့်လေးနာရီ အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ခြောက်ထောင်ကျော်ခဲ့တယ်လို့ ရိုက်တာ သတင်းက မေလ ၂၂ ရက် မှာ ဖော်ပြပါတယ်။  မေလ ၂၂ ရက်စာရင်းအရ အိန္ဒိယမှာ အတည်ပြုလူနာဦးရေဟာ ၁၁၈,၀၀၀ ရှိပြီး သေဆုံးသူက ၃,၅၈၃ ဦးရှိထားပါတယ် ။  ဝန်ကြီးချုပ် မိုဒီက မေလ ၃၁ ရက်အထိ  လော့ဒေါင်း သက်တမ်းတိုးခဲ့ပေမဲ့  တချို့ ပြည်နယ်တွေအနေနဲ့ ကိုယ့်ဘာသာ စည်းမျဉ်းဥပဒေတွေ ချမှတ်နိုင်တယ်ပြောပါတယ်။  အိန္ဒိယမှာ လော့ဒေါင်းပြီးတဲ့နောက် ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးထားတာ မို့ တနင်္လာနေ့က အားလုံးပြန်လည်ပြေးဆွဲဖို့ရှိနေပါတယ်။  ဒါပေမဲ့ ကမ္ဘာမှာ အတင်းကျပ်ဆုံးချမှတ်ထားတဲ့ စည်းမျဉ်းတွေအောက်မှာ လေကြောင်း လိုင်းတွေဟာ စည်းကမ်းအတိုင်း ပြေးဆွဲရမယ်လို့ သိရပါတယ်။ 
11 months Ago
Up