၁ မိနစ် ငြိမ်သက်မည်

July 16, 2017

အာရှယူ ၂၃ ခြေစစ်ပွဲမစမီ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ၁ မိနစ် ငြိမ်သက်မည်

မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က စတင်လက်ခံကျင်းပမယ့် အာရှ ယူ၂၃ ခြေစစ်ပွဲ အုပ်စု (F) အဖွင့်ပွဲစဉ်မစတင်မီမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ၀မ်းနည်းခြင်း (၁) မိနစ် ငြိမ်သက်သွားမယ်လို့  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အာရှ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပတဲ့ ၂၀၁၈ အာရှယူ ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု F ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင် ၁၉ မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ  ကျင်းပသွားရမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာတော့  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ ကစားသမားတွေအပါအဝင် မြန်မာဘောလုံးချစ် ပရိသတ်တွေလည်း ၀မ်းနည်းခြင်း အထိမ်းအမှတ် အစီအစဉ်မှာ ပါဝင်ကြဖို့  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မေတ္တာရပ်ခံထားပါတယ်။ အဲဒီ့နေ့မှာတော့ ၀မ်းနည်းခြင်း အဖြစ် ၁ မိနစ် ငြိမ်သက်ပြီး ကစားသမားတွေလည်း လက်ပတ်အနက် ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။
6 years Ago
Up