၁၉၅၇ ခုနှစ်ထုတ် ပြိုင်ကားကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် ရောင်းချ

February 6, 2016

၁၉၅၇ ခုနှစ်ထုတ် ပြိုင်ကားကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် ရောင်းချ

၁၉၅၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ရှားပါးစာရင်းဝင် ဖာရာရီပြိုင်ကားတစီးကို ဖေဖော်ဝါရီ ၅ ရက်နေ့ ကျင်းပတဲ့ ပါရီမြို့တော် ကားလေလံပွဲတခုမှာ ကမ္ဘာ့စံချိန်တင် ဈေး ယူရိုငွေ ၃၂ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ၁၉၅၈ ကျူးဘားကားမောင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပြိုင်ကားဖြစ်သလို ပြင်သစ်နိုင်ငံ ၂၄ နာရီ လယ်မွန်ကားမောင်းပြိုင်ပွဲမှာလည်း ကားမောင်းအပတ်ရည် စံချိန်သစ်တင်နိုင်ခဲ့တဲ့ ကားတစီးလည်းဖြစ်ပါတယ်။ အဲ့ဒီနှစ်တွေက ထိပ်တန်းကားမောင်းပြိုင်ပွဲဝင်တွေက မောင်းနှင်းခဲ့တဲ့ အနီရောင်စပေါ့ စကာလီယာတီ Sport Scaglietti ကားအမျိုးအစားလည်းဖြစ်ပါတယ်။ ဒီကားလေလံပွဲ ညွှန်ကြားရေးမှူးက ဒီကားဟာ ယူရိုငွေနဲ့ ရောင်းချခဲ့သမျှထဲမှာ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံးကား ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သူ့အရင်က အမြင့်ဆုံးဈေးရရှိခဲ့တဲ့ ကားကတော့ ဖာရာရီ ၂၅၀ GTO ကားအမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်က ယူရိုငွေ ၂၈.၅ သန်းနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒီကားဟာ ဒေါ်လာနဲ့တွက်ရင် လက်ရှိငွေလဲနှုန်းထားအရ ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးကားလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးကားအဖြစ် စံချိန်တင်ထားတဲ့ကားကတော့ ၂၀၁၄ ခုနှစ်က ကယ်လိုဖိုးနီးယားပြည်နယ် ကားလေလံပွဲမှာ ရောင်းချခဲ့ရတဲ့ ကားတစီးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၈ သန်းရရှိခဲ့တာပါ။ ၀ယ်ယူသွားတဲ့သူကတော့ အမေရိကန်ပြည်ထောင်စုကဖြစ်ပြီး နိုင်ငံတကာကားဝယ်သူလို့ပဲ ဖော်ပြပါတယ်။
6 years Ago
Up