၁၈ နှစ်အောက် လူငယ်များဖြင့်

April 28, 2018

၁၈ နှစ်အောက် လူငယ်များဖြင့် လိင်ရုံဖွင့်သည့် ဘန်ကောက်ဘားဆိုင်ပိုင်ရှင် ဖမ်းဆီးခံရ

ဘန်ကောက်မြို့ နွိုင်ခရိုင်က လေးထပ် ဘားဆိုင်တဆိုင်ကို ဧပြီလ ၂၆ ရက်နေ့ ညနက်ပိုင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် လိုင်စင်မရှိဘဲ လူငယ်လေးတွေနဲ့ လိင်ရုံဖွင့်ထားတဲ့ ဆိုင်ရှင်ကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဘန်မာကော့က်ဘားကို ရဲတွေက ရှောင်တခင် စစ်ဆေးခဲ့ကာ အသက် ၄၀ အရွယ် ပိုင်ရှင်ဖြစ်သူ နာပက်ယိုစ်အီမာစစ်ကို ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းဌာနကတွေက ထုတ်ပြန်ခဲ့ပါတယ်။ ချာရန်စန်နစ်ဝန် လမ်းသွယ် ၃၄/၂ ရဲ့အရှေ့မှာရှိတဲ့ ဘားကို အသက် ၁၈ အောက် လူငယ်လေးတွေနဲ့ လိင်ဝန်ဆောင်မှုပေးနေတယ်လို့ အာဏာပိုင်တွေက သံသယရှိခဲ့တာပါ။ အဆောက်အအုံထဲမှာ စားပွဲထိုးအဖြစ် ငှားရမ်းထားတဲ့ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ကျားလေး ၅ ယောက်ကို အာဏာပိုင်တွေက တွေ့ခဲ့ပြီး သူတို့ ၅ ယောက်ကို အိမ်ပြန်ခေါ်ဆောင်သွားဖို့ မိဘတွေကို ဆက်သွယ်ခဲ့ကြပါတယ်။ ဘားဆိုင်ပိုင်ရှင်ကတော့ လိင်ဝန်ဆောင်မှု ပေးတယ်ဆိုတာကို ငြင်းဆန်လိုက်ပြီး သူ့ရဲ့ဖောက်သည်တွေက ဘားကို အုပ်စုလိုက်လာကြတာလို့ ပြောပါတယ်။ ၄ ထပ်အဆောက်အအုံရဲ့ အောက်ထပ်မှာ စားပွဲထိုင်ခုံ ၄ စုံနဲ့ ဘားဆိုင်ရှိပြီး အပေါ်ထပ်မှာ အခန်း ၆ ခန်းရှိတယ်၊ အဲ့ဒီမှာ ကွန်ဒုံးအများကြီးနဲ့ ရှူတဲ့ကော်ဘူးတွေ အများကြီး တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဘားဆိုင်ကို တံခါးတွေ တဝက်ပဲ ဖွင့်ထားတဲ့ပုံစံက ဘားဆိုင်အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ထားတာမဟုတ်ဘဲ လူမှုကွန်ရက် သုံးစွဲသူ ကန့်သတ်ထားတဲ့ ဖောက်သည်တွေလောက်သာ သိတဲ့ဆိုင်လို့ ရဲတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူကို လူငယ်လေးတွေနဲ့ လိင်ရုံဖွင့်မှု၊ ခွင့်ပြုချက်မရဘဲ ဘားဆိုင်ဖွင့်မှုတို့နဲ့ တရားစွဲထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up