၁၈ နှစ်အရွယ် မိန်းကလေးကို ထိုင်းဂိုဏ်းစတားအဖွဲ့ တိုက်ခိုက် (ရုပ်သံ)

May 12, 2016

၁၈ နှစ်အရွယ် မိန်းကလေးကို ထိုင်းဂိုဏ်းစတားအဖွဲ့ တိုက်ခိုက် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ဘနဘဘူသောင်ဒေသမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးကို တခြားမိန်းကလေးဂိုဏ်းစတားအုပ်စုတစုက အုပ်စုဖွဲ့တိုက်ခိုက်ပြီးတဲ့ နောက်မှာ ရဲတွေက စုံစမ်းရှာဖွေနေကြတယ်လို့ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ မေလ ၆ ရက်နေ့ညက ဒေသတွင်း ၀က်လန်းနီရာရီဘုရားကျောင်းရှေ့မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ နန်အင်းအမည်ရတဲ့ မိန်းကလေးဟာ ဆံပင်တွေကို ဆွဲဆောင့်ပြီး ကန်ကျောက်ထိုးနှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သွေးအလိမ်းလိမ်းနဲ့ ကျန်နေခဲ့တာပါ။ မူလက သူဟာ ခုလိုဖြစ်ခဲ့တဲ့အကြောင်းကို သက်သေလည်းမရှိပဲ၊ ရှက်လည်းရှက် နေခဲ့တဲ့အတွက် တိုင်ကြားတာတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့သူငယ်ချင်းတွေထဲက တယောက်က အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ အ ဖြစ်အပျက်ကို ရုပ်သံဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့တာကို လူမှုကွန်ရက်မီဒီယာ လိုင်း(Line) အပလီကေရှင်းမှတဆင့် သူ့ဆီပို့ခဲ့ချိန်မှာတော့ သူဟာ မိခင်ဖြစ်သူနဲ့အတူ ဒီအကြောင်းကို တိုင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ နန်အင်းဟာ အဲဒီညက သူငယ်ချင်း ၁၀ ယောက်နဲ့ အတူ ဘုရားကျောင်းရှေ့မှာ ထိုင်နေခဲ့ချိန်မှာ အမည်မသိရတဲ့ တခြားမိန်းကလေး အယောက် ၂၀ လောက်ပါတဲ့ အုပ်စုတစုက လာရောက်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့အုပ်စုထဲက တယောက်က နန်အင်းရဲ့ သူငယ်ချင်းတွေကို ဓားထုတ်ပြပြီး ၀င်မနှောက်ယှက်ဖို့ ခြိမ်းခြောက်ခဲ့ကာ သူ့ကို ဆံပင်တွေဆွဲ၊ ထိုးနှက်ကန်ကျောက် ခဲ့ကြတာလို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ညပိုင်းကင်းလှည့်လာတဲ့ ရဲသားတဦးကြောင့် ရပ်တန့်ခဲ့ကြကာ အသီးသီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဘန်ဘူသောင်ရဲစခန်းက သူတို့အနေနဲက ပြစ်မှုကျူးလွန်တဲ့ မိန်းကလေးအုပ်စုကို သိပြီးဖြစ်ကာ နောက်ထပ်တိကျခိုင်လုံတဲ့ သက်သေတွေကို ဆက်လက်ရှာဖွေနေတယ် လို့ ပြောပါတယ်။
6 years Ago
Up