၁၈ ဦး ဒဏ်ရာရ

January 7, 2021

စပိန်တောင်ပိုင်းတွင် ဘိုးဘွားရိပ်သာမီးလောင်၊ ၁ ဦး သေပြီး ၁၈ ဦး ဒဏ်ရာရ 

စပိန်နိုင်ငံတောင်ပိုင်း၊ ဆေဗေလိက ဒိုမတ်စ်ဗိအဒိုရီယာ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ မီးလောင်လို့ အသက် ၈၉ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး တခြားလူ ၁၈ ယောက် ဒဏ်ရာရတယ်လို့ အရေးပေါ် ဌာနက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။  ဇန်နဝါရီ ၅ ရက်သန်းခေါင် မတိုင်ခင်လေးမှာ မီးလောင်ခဲ့တာလို့ မီးသတ်သမား တွေက ပြောပါတယ်။ “အရေးပေါ်ဌာနက လာကယ်ခဲ့တယ် လူ ၁၈ ယောက်ကို ဆေးရုံတင် ပေးခဲ့ရတယ်” လို့ အရေးပေါ်ဌာနက တွစ်တာ လူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။  အဆောက်အအုံ ကနေ ဘေးကင်းရာ ရွှေ့ထားရတဲ့ ဘိုးဘွားတွေကို အိမ်နီးချင်းတွေက သူတို့ အိမ်တွေမှာခိုလှုံခွင့် ပေးခဲ့ကြပြီး လူအများအပြားကို မြို့ကောင်စီ လုပ်သားတွေက အားကစားခန်းမဆီ ခေါ်လာခဲ့ရပါတယ်။
10 months Ago
Up