၁၈ ဦးသေ

December 5, 2020

တရုတ်တွင် ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် ၁၈ ဦးသေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ ဒီဇင်ဘာလ ၄ ရက်က ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။  ဒါဟာ ချုံကျင်းဒေသမှာ နှစ်လကျော်အတွင်း ဒုတိယအကြိမ် မတော်တဆမှုလည်း ဖြစ်ပါတယ်။  တောင်ရွှီဒေါင် ကျောက်မီးသွေးတွင်းမှာ မတော်တဆမှု  ဖြစ်ခဲ့ပြီး မြေအောက်ပိတ်မိနေသူ ၂၄ ယောက်ထဲက ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ပမာဏ မြင့်မားမှုကြောင့် ၁၈ ယောက် သေဆုံးခဲ့တာပါ။  အသက်ရှင်သူ တစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေရေးဆက်လုပ်နေပြီး နှစ်လကျော်ကြာပိတ်ထားတဲ့ ကျောက်မီးသွေးတွင်းမှာဖြစ်တဲ့ အဲဒီမတော်တဆမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ တောင်ရွှီဒေါင် ကျောက်မီးသွေးတွင်းကို ၁၉၇၅ ခုနှစ်ကတည်ဆောက်ခဲ့ပြီး ၁၉၉၈ ကစလို့ ပုဂ္ဂလိက လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့တာပါ။  အဲဒီမိုင်းတွင်းဟာ အန္တရာယ်ရှိ ဓာတ်ငွေ့ ထွက်ရှိရာ မိုင်းတွင်းတခုဖြစ်ပြီး နှစ်စဉ်ကျောက်မီးသွေးတန်ချိန် တစ်သိန်းနှစ်သောင်း ထွက်ရှိတယ်လို့လည်း သိရပါတယ်။
1 year Ago

August 9, 2020

အိန္ဒိယတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၈ ဦးသေဆုံး၊ ပျောက်ဆုံး ၄၈ ဦးကို ရှာဖွေနေ

အိန္ဒိယတောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ မိုးကြီးမြေပြိုတာကြောင့်  သေဆုံးသူ အရေအတွက်ဟာ သြဂုတ် ၈ ရက်က ၁၈ ယောက်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူ ၄၈ ယောက်ကို ဆက်ရှာဖွေနေပါတယ်။   ပျောက်ဆုံးသူတွေဟာ မြေကြီးနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။  အီဒွတ်ကီခရိုင်မှာ မနက်အစောပိုင်း အလုပ်သမားတွေ အိပ်ပျော်နေချိန်မှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။  သြဂုတ် ၆ ရက်က အီဒွတ်ကီခရိုင်မှာ မိုးရေချိန်  ၈ လက်မနီးပါး ရွာခဲ့တယ်လို့ နိုင်ငံပိုင် မိုးလေဝသဌာနက စုစည်းတင်ပြခဲ့ပါတယ်။   ၂၀၁၈ ခုနှစ်တုန်းကလည်း ကယ်ရာလာပြည်နယ်မှာ  ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူ အများစုဟာ အီဒွတ်ကီခရိုင်က ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
More News
Up