ရုရှားနိုင်ငံ ဆာဘီးယားတောင်ပိုင်းက အီရာခုခ်ျဒေသမှာ ရေကြီးတာကြောင့် သေဆုံးသူ ၁၈ ယောက်နဲ့ ပျောက်ဆုံးသူ ၁၇ ယောက်ထိ ရှိလာပြီလို့ ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်နေ့မှာ ပြောတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိမှာတော့ တူလန်မြို့နဲ့ အီရာခုခ်ျ ဒေသအကြား သွားလာရေး ပြန်အဆင်ပြေဖို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က လုပ်ဆောင်နေတယ်လို့ အီရာခုခ်ျ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒဏ်ရာရသူ အယောက် ၁၃၀၀ ကျော်ဟာလည်း ဆေးရုံတွေမှာ ကုသမှု ခံယူနေတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မိုးများပြီး မြစ်ရေတွေ ပြည့်လျှံလာတာကြောင့် အခုလို ဆိုးဆိုးရွားရွား ရေကြီးတာလို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ဆိုပါတယ်။
ဇွန် ၃၀ ရက်နေ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရေဘေးသင့်တဲ့ အီရာခုခ်ျ ဒေသကို လာကြည့်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရုရှားစစ်တပ်ကပါ ပူးဆောင်ကူညီခဲ့ပါတယ်။
2 years Ago